Saturday 11 August 2012

လက်နှစ်ဘက်လုံးမရှိပဲ ဆိုင်ကယ်မောင်းသူ ပြင်းပြင်းထန်ထန် သတိပေးခြင်းခံရ

တရုတ်နိုင်ငံမှာ မော်တော်ဆိုင်ကယ်မောင်းသူတစ်ယောက်ဟာ နောက်နောင်ဆိုင်ကယ်မစီးဖို့ ရဲများရဲ့သတိပေးခြင်းကိုခံလိုက်ရပါတယ်။ ဘာလို့လဲ ဆိုတော့ ဆိုင်ကယ်စီးသူဟာ လက်နှစ်ဖက်လုံး မရှိလို့ဘဲဖြစ်ပါတယ်။ ရှန်တုန်း မြို့က ရဲအရာရှိတစ်ယောက်ဟာ မော်တော်ဆိုင်ကယ်ကို သတ်မှတ်ထားတာထက် ပိုပြီးဝန်တင်လာလို့ ရပ်ခိုင်း လိုက်တဲ့အချိန်မှာတော့ ဆိုင်ကယ်မောင်းလာသူကို ကြည့် ပြီးအလွန်အံ့သြတုန်လှုပ်သွားခဲ့ရပါတယ်လို့ Qilu Evening Post သတင်းစာကို ပြောပါတယ်။ အသက်၂၇ နှစ်ရှိပြီဖြစ်တဲ့ Liu ဟာ အသက် ၇ နှစ်အရွယ်မှာ မတော်တဆ လျှပ်စစ်ရှော့ဖြစ်မှု့ကြောင့် လက်မောင်းနှစ်ဖက်လုံး ဖြတ်ပစ်ခဲ့ရပါတယ်။ သူအသက်ဆယ်နှစ်ရောက်တဲ့အချိန်မှာတော့ သူ့မိဘများက သူ့ကို သူတို့မြို့မှာရှိတဲ့ ဆပ်ကပ် အဖွဲ့ထဲကို ဆပ်ကပ်ပညာ သင်ကြားဖို့ ထည့်လိုက်ပါတယ်။ အဲ့ဒီဆပ်ကပ် အဖွဲ့ထဲမှာ ပညာသင်ရင်းနဲ့ဘဲ ဒီလိုဆိုင်ကယ်စီးတတ်လာခဲ့တာဖြစ်ပါတယ်။ ရဲအရာရှိ Xhang Jie က ကျွန်တော် ခပ်လှမ်းလှမ်း အကွာကဝေးကနေကြည့်လိုက်တုန်းက လူသုံးယောက် ဆိုင်ကယ်စီးလာတာတွေ့လို့ တားခဲ့တာ အနားရောက်တော့မှာ ဆိုင်ကယ် မောင်းလာတဲ့သူကိုကြည့်ပြီး ကျွန်တော် တော်တော်လေးအံ့သြသွားတယ်။ Liu ဟာ ဆိုင်ကယ်စီးတတ်ပေမဲ့လဲ သူမှာ ဆိုင်ကယ် မောင်းလိုင်စင်တစ်ခုမှ မရှိပါဘူး ပြီးတော့ ရဲက ဒါဏ်ငွေရိုက်ဖို့အတွက်လဲ သူ့မှာပိုက်ဆံလည်းမရှိတဲ့အတွက် နောက်တခါ ဆိုင်ကယ်မစီးဖို့ ပြင်းပြင်းထန်ထန် သတိပေးခြင်းကိုခံလိုက်ရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်