Wednesday 18 July 2012

လူသားတို့၏ မျက်ရည်များဖြင့်ထုတ်လုပ်ထားသော ဆားများကို အင်္ဂလန်တွင် ရောင်းချနေ


လန်ဒန်မြို့တွင် လူသား၏မျက်ရည်များဖြင့်ပြုလုပ်ထားသည့် ဆားပွင့်များကို ရောင်းချလျက်ရှိကြောင်း သတင်းများက ဖော်ပြသွားပါတယ်။
အဆိုပါမျက်ရည်ဆားများကို လန်ဒန်မြို့ ဟော့စ်တန်လမ်းပေါ်ရှိမွန်းစတား ကုန်ပစ္စည်းဖြန့်ချိရေးက ထုတ်လုပ်ခဲ့ပြီး ဆားပွင့်များတွင်ပါဝင်သော မျက်ရည်များအား စိတ်ခံစားမှုနှင့်အလိုက် စုစည်းထားကာ ပမာဏကွဲပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါဆားပွင့်များမှာ မျက်ရည်ပမာဏ အနည်းအများပေါ်မူတည်ပြီး လူသား၏ လတ်ဆတ်သောမျက်ရည်များကို နည်းပညာများအသုံးပြုကာ စုစည်းခြင်းဖြစ်ကြောင်းလည်းဖော်ပြသွားခဲ့သည်။
အဆိုပါ ဆားမျက်ရည် ထုတ်လုပ်ရေးက မျက်ရည်များအားပုံဆောင်ခဲပြုလုပ်သည့်ခွက်ထဲသို့ထည့်ကာ အနည်းငယ်ဆူနေသော ရေနွေးထဲတွင်စိမ်ပြီး ဆားမျက်ရည် ပုံဆောင်ခဲကို ရယူခဲ့ခြင်းဖြစ်သည် ဟု ဖော်ပြထားသည့်အတွက် ယင်းဆားပုံဆောင်ခဲမှာ လူသား၏ မျက်ရည်ဖြင့်ပြုလုပ်ခဲ့ခြင်း ဟုတ် မဟုတ်ကို လတ်တလောတွင် အငြင်းပွားနေဆဲဖြစ်ကြောင်း သတင်းများက ဖော်ပြသွားခဲ့သည်။
Ref: Techno Newspaper

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်