Sunday 20 May 2012

ဦးခေါင်းနောက် ကင်မရာတပ်ထားတဲ့ ပရောဖက်ဆာ

ကျောင်းသားအချို့က နောက်ကြသည်။ သူတို့ ဆရာရဲ့ ဦးခေါင်းနောက်ဖက်မှာ မျက်လုံးတွေ ရှိနေသည်ဟု။ နယူးယောခ့်မှ ပရော်ဖက်ဆာ ဆိတ်ဖွားတစ်ယောက် ကလည်း ထိုအတိုင်းဖြစ်နေသည်။
သူ့ခေါင်းနောက်ဖက် တည့်တည့်တွင် ကင်မရာ သေးသေးတစ်ခု ခွဲစိတ်တပ်ထားသည်။
နယူးယော့ခ် တက္ကသိုလ် Tisch အနုပညာကျောင်းမှ အီရတ်နိုင်ငံဖွား ဓါတ်ပုံပါမောက္ခ Wafaa Bilal ဆိုသူမှာ သူ့လုပ်ငန်းတွေ ပိုမိုမြန်ဆန်စေဖို့အတွက်
အားလုံးကို မှတ်တမ်းတင်နိုင်မယ့် ကင်မရာငယ် တပ်ဆင်ထားရသည်။ ကာတာနိုင်ငံ ဒိုဟာမြို့ပြတိုက်မှ အနုပညာပရောဂျက်တစ်ခုအတွက် အလုပ်မအားလပ်အောင် လုပ်နိုင်ဖို့ ဦးခေါင်းနောက်တွင် ကင်မရာ တပ်ဆင်ထားခြင်း ဖြစ်သည်။
သူ့ပရော့ဂျက်  နေ့စဉ်လှုပ်ရှားမှုများအတွက် တစ်မိနစ် ဓါတ်ပုံပေါင်းများစွာ ရိုက်ယူထားနိုင်ပြီး၊ ဦးခေါင်းတွင် တစ်နှစ်တာ ခွဲစိတ်တပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ရိုက်ကူးထားသော ရုပ်ပုံများကို ချက်ချင်း အာရပ်အနုပညာပြတိုက်ရှိ ကွန်ပျူတာများသို့ ချက်ချင်း လှမ်းပို့ပေးနိုင်သည်ဟု ဆိုသည်။ လက်မအရွယ်အစားရှိ ကင်မရာကို တိုင်တေနီယံပြားပေါ်ကပ်ထားပြီး ဦးခေါင်း အပေါ်ယံလွှာထဲ ထည့်ထားခြင်းဖြစ်သည်။

Video ကြည့်ချင်သူများ ဒီကို Click လုပ်ပါ။
@ မောက္ခ

2 comments:

  1. ရှာရှာကြံကြံ.. အားမကျမိဘဲ သနားမိတယ်။

    ReplyDelete
  2. အော် ဒုက္ခပဲ..အဲလောက်ကြီး အလုပ်ကြိုးစားတယ်လား..
    အိမ်မက်

    ReplyDelete

အပြင်းပြေ Drum တီးရအောင်