အမွှာညီအစ်ကိုနှစ်ဦးဖြစ်ကြသည့် မားကပ်စ်နှင့်လူးကပ်စ်တို့ ဟာ ကမ္ဘာလောကကြီးထဲကို ၄၈ မိနစ်သာခြား
ပြီးဝင်ရောက်လာခဲ့ ကြတာဖြစ်ပါတယ်...
သို့ သော်လည်း သူတို့ လေးတွေရဲ့ ဖခင်ကတော့ တစ်ဦးစီဖြစ်နေခဲ့ ပါတယ်...
မိခင်ဖြစ်သူ ချားလော့ ဟေးလ်ဘ၇န့် တစ်ယောက် ခင်ပွန်းဟောင်း မိုက်ကယ်နှင့် ရော ချစ်သူအသစ်ဖြစ်သူ
တွမ်မီနှင့် ပါ ၄၈ နာရီအတွင်း အချစ်နှောင်ထုံးတွေခိုင်အောင်ချည်နှောင်ခဲ့ မိခဲ့ လို့ သဘောကောင်းကာစေ
တနာပိုပြီး ရက်ရောမိလေသမျှ သန္ဓေခ ခဲ့ ပါတော့ တယ်...
ဒါကြောင့် မို့ လွန်ခဲ့ သည့် ရက်သတ္တပါတ်က အသက်ခြောက်နှစ်ပြည့် ခဲ့ တဲ့ ထိုကလေးနှစ်ယောက်တို့ ဟာ
တစ်ကမ္ဘာလုံးတွင်မှ သုံးခုမြောက်ဖြစ်သော အမေတူအဖေကွဲအမွှာညီအစ်ကိုအဖြစ် ဖြစ်နိုင်ချေအကြိမ်သန်း
တစ်ထောင်တွင်မှ တစ်ကြိမ်ကိုသာ ထူးခြားတိုက်ဆိုင်စွာဖြစ်တည်လာခဲ့ တဲ့ သူလေးတွေဖြစ်ပါတယ်...
" ဒီလိုအဖြစ်မျိုးဖြစ်ဖို့ ထက် ထီပေါက်ဖို့ ကမှ ပိုပြီးအခွင့် အလမ်းရှိနိုင်ပါသေးတယ်..." လို့ ချားလော့ ကဆို
ပါတယ်...
သူမရဲ့ အမွှာညီနောင်သားနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်သွင်ပြင်ခြင်းမတူပါဘူးလို့ 
လည်းသူမအနေနှင့် အစဆုံးသတိပြုမိခဲ့ တာလည်းဖြစ်ပါတယ်...
အရပ်ပုကာတုတ်တုတ်ခိုင်ခိုင်ရှိကာ ဆံပင်နီကလေးနဲ့ကြမ်းကြမ်းတမ်းတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ 
မားကပ်စ်လေးကိုတော့ မိုက်ကယ်နဲ့ ချစ်မိုးတွေဆွေပြီးရခဲ့ တာဖြစ်ပြီး လူးကပ်စ်လေးကတော့ အရပ်ပိုရှည်
ကာ ရွှေဝါရောင်ဆံပင်လေးနဲ့ နူးညံ့ သိမ်မွေ့ ကာဖခင်ဖြစ်သူတွမ်မီ့ ကိုစေတနာပိုပြီး သဒ္ဓါတွေယိုဖိတ်ခဲ့ လို့ 
ရရှိခဲ့ တာဖြစ်ပါတယ်...
ပိုပြီးအံ့ သြစရာကောင်းတာကတော့ ဖခင်ဖြစ်သူနှစ်ယောက်စလုံးဟာ သားကလေးတွေနဲ့ မခွဲမခွာရှိနေကြ
ပြီး သူတို့ ဟာ သာယာပျော်ရွှင်တဲ့ မိသားစုကြီးဖြစ်နေပါတယ်လို့ ချားလော့ ကပြောကြားလိုက်ပါတယ်...
အမွှာထူးဆန်း၊ အံ့ ဘနန်းအဖြစ်ကတော့  ချားလော့တစ်ယောက် ကလေးနှစ်ယောက်ပင် ယခင်ကရရှိခဲ့ ပြီး
ဖြစ်တဲ့ ခင်ပွန်းဖြစ်သူ မိုက်ကယ်နေးဆင်နဲ့ ၂၀၀၄ ခုနှစ် သြဂုတ်လမှာ ကွာရှင်းပြတ်စဲခဲ့ ရာကစခဲ့ တာပါပဲ...
" ကျွန်မတို့ ကွာရှင်းခဲ့ ပြီးနောက် ကျွန်မလည်းအပြင်ကိုထွက်လည်ဖြစ်တာတွေပိုလုပ်ဖြစ်ခဲ့ ပါတယ်...
တစ်ညနေတော့ အရက်ဘားတစ်ခုမှာ ရွှေအိုရောင်ဆံပင်နဲ့ ထိုလူချော တွမ်မီကယ်လီဟို့ ကိုတွေ့ ခဲ့ ရပါ
တော့ တယ်...
မြင်မြင်ချင်းပဲ ကျွန်မတို့ နှစ်ယောက်အဆင်ပြေသွားကြပြီး မကြာမကြာမတွေ့ ဖြစ်ကြပါတော့ တယ်..." လို့ 
သူမကပြောကြားခဲ့ ပါတယ်...
ခင်ပွန်းဟောင်းမိုက်ကယ် ကလည်းဇနီးဖြစ်ခဲ့ သူချားလော့ နဲ့ ပြန်ဆက်နိုင်ဖို့ မျှော်လင့် ကြိုးပမ်းနေခဲ့ တာမို့ 
နှစ်သစ်ကူးနေ့ မှာတော့ နှလုံးသားမြို့ ဟောင်းတစ်နေရာကသံယောဇဉ်တွေပြန်လည်တူးဆွမိပြီး ချစ်ပွဲဝင်
ခဲ့ မိတဲ့ အဖြစ်ရောက်ရှိခဲ့ ပါတော့ တယ်...
အားလည်းနာတယ်...ခင်လည်းခင်တယ်ဆိုတဲ့ မမများ သတိပြုပါလေ...
No comments:
Post a Comment