Wednesday 9 November 2011

ဓါတုဗေဒဇယားတွင် နောက်ထပ်အမည်သစ် (၃) မျိုးတင်သွင်း

လွန်ခဲ့သည့် သောကြာနေ့က လန်ဒန် နိုင်ငံရှိ နိုင်ငံတကာ အသုံးချ ဓါတုဗေဒနှင့် သန့်ရှင်းသည့် ဓါတုဗေဒ အဖွဲ့မှ periodic table  ဟုခေါ်သည့် ဓါတုဗေဒ ဇယားတွင် မူလရှိနေသည့် ဓါတုဗေဒ အမည်များထဲတွင် နောက်ထပ် အသစ် အမည်သုံးမျိုးကို ဂုဏ်ပြု ထည့်သွင်း လိုက်ကြောင်း သိရသည်။
ယင်းသုံးခုအနက် တစ်ခုမှာ  ဂျာမနီနိုင်ငံမှ မြို့တစ်ခုကို ဂုဏ်ပြုသည့် အနေဖြင့် Chemical bond နံပါတ် ၁၁၀ အဖြစ် darmstadtium ကို ထည့်သွင်းခဲ့ပြီး အတိုကောက် အမှတ်အသား အဖြစ် Ds ဟု အမည်ပေးခဲ့သည်။ ဒုတိယ တစ်ခုအဖြစ်  X-Ray ကို စတင် ဖော်ထုတ်ခဲ့သူ ရူပဗေဒ ပညာရှင် Wilhelm Konrad Roentgen အား ဂုဏ်ပြုသည့် အနေဖြင့် နံပတ် ၁၁၁ ဖြင့် roentgenium  ကို ထည့်သွင်းခဲ့ကာ တတိယအဖြစ် ၁၉၉၆ ခုနှစ်က စတင် ဖော်ထုတ်ခဲ့သည့် ရေဒီယို သတ္တိကြွမှု အလွန်ပြင်းထန်သည့် ဓါတုပစ္စည်း တစ်ခုဖြစ်သည့် copernicium ကိုလည်းထည့်သွင်းခဲ့ကာနက္ခတ္တဗေဒပညာရှင်Darmstadtကိုအစွဲပြုပြီးခေါ်ဝေါ်စေခဲ့ကြောင်း
သိရသည်။
source: USA today

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်