တရုတ်နိုင်ငံတွင် အစားအစာ ဘေးကင်း လုံခြုံ စိတ်ချရမှု မရှိသည်ကို ပြသရာ ရောက်နေသည့် လက္ခဏာတစ်ရပ် အနေနှင့် ယခုအခါ တရုတ်နိုင်ငံမှ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ထုတ်လုပ်လျက် ရှိကြောင်း စင်ကာပူနိုင်ငံရှိ မီဒီယာများက ဖော်ပြခဲ့ကြသည်။ Very Vietnam အမည်ရှိ အွန်လိုင်းမှ ထုတ်ပြန်သော သတင်းများအရ တရုတ်နိုင်ငံရှိ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ပြုလုပ်ရာတွင် အာလူးများ၊ ကန်ဇွန်းဥများနှင့် ပလတ်စတစ်များကို ရောသမမွှေ၍ ပေါင်းစပ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ထို့ပြင် တရုတ်နိုင်ငံ၌ ဆန်အတုများ ထုတ်လုပ် ရောင်းချမှုမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ကြောင်း တရုတ်နိုင်ငံ၏ Global Times သတင်းစာက ဖော်ပြခဲ့သည်။ ယခင်က တရုတ်နိုင်ငံ၊ ယန်စီပြည်နယ် စီအန်မြို့မှ ကုမ္ပဏီတစ်ခုသည် အထက်ပါ နည်းအတိုင်း ပေါင်းစပ်၍ ဆန်အတု ထုတ်လုပ် ရောင်းချခဲ့ဖူးကြောင်း သိရသည်။
ကိုရီးယား ဘာသာစကားဖြင့် ဖော်ပြသော Weekly Hong Kong သတင်းစာ၌ ဆန်အတုများကို တရုတ်နိုင်ငံ ရှန်စီပြည်နယ်၊ တိုင်ယွန်မြို့တွင် ရောင်းချလျက် ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ ဆန်အတုဖြင့် ချက်သောထမင်းကို ပန်းကန်လုံး (၃)လုံးခန့် စားသုံးပါက ပလတ်စတစ်အိတ် တစ်အိတ်ကို စားသုံးရသည်နှင့် တူညီနေကြောင်း တရုတ် စားသောက်ဆိုင် အသင်းအဖွဲ့မှ အရာရှိများက ပြောကြားခဲ့သည်။
ယခုကဲ့သို့ စိုးရိမ်ရသည့် အခြေအနေကြောင့် ဆန်အတုများ ထုတ်လုပ်နေသည်ဟု စွပ်စွဲခံထားရသော ကုမ္ပဏီများ စက်ရုံများကို စုံစမ်းစစ်ဆေး သွားမည် ဖြစ်ကြောင်း စားသောက်ဆိုင် အသင်းအဖွဲ့ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်ဟု Very Vietnam အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန လက်အောက်ခံ သစ်သီးပန်းမန် စိုက်ပျိုးရေး ဌာနမှ အရာရှိ မစ္စတာတာ ကွမ်ဟန်းက ၎င်းသည် ဆန်အတုဟု သတင်းထွက်နေသော ဆန်များကို ယခင်က မမြင်ဖူးခဲ့ကြောင်း မည်သို့ပင်ဆိုစေ အတုဟု သတင်းထွက်နေသော ဆန်များကို ပလတ်စတစ် ဆန်အတုဟုတ်၊ မဟုတ် ကောက်ချက် မချမီ ရူပဗေဒ၊ ဓာတုဗေဒ နည်းများဖြင့် လေ့လာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပလတ်စတစ်ဆန်ဟု သတင်း ထွက်နေသော ဆန်များသည် ဆန်တစ်စေ့လျှင် ၁ဝမီလီမီတာ ရှည်လျားပြီး သာမန်ဆန်များထက် ၃၊ ၄ မီလီမီတာ ပိုမို ရှည်လျားကြောင်း၊ ဆန်လုံးပတ်မှာမူသာ ခြားနားမှု ရှိကြောင်း၊ သာမန်ဆန်များထက် မှုန်မှိုင်းသော အရောင်မရှိဘဲ ဆန်စေ့မှာ ကြည်လင်နေကြောင်း ထို့ကြောင့် စားသုံးသူများ အနေနှင့် အဆိုပါ ဆန်များကို ဝယ်ယူခြင်း၊ စားသုံးခြင်းများ မပြုရန် မစ္စတာတာ ကွမ်ဟန်းက သတိပေး ပြောကြားခဲ့သည်။
Source: http://myanmarinsingapore.com/profiles/blog/show?id=2316969% 3ABlogPost%3A205277&xgs=1&xg_ source=msg_share_post
Friday, 15 July 2011
တရုတ်နိုင်ငံလုပ်ဆန်အတု များကိုရှောင်ရှားစေလို !!!
Subscribe to:
Post Comments (Atom)

No comments:
Post a Comment