၁။ တစ်ခါတစ်ရံတွင် ဥာဏ်နီ ဥာဏ်နက် က ခွန်အားဗလ ထက် ပို၍ တန်ဘိုး ရှိပါသည်။
၂။ သစ်ပင်တောတောင်များကို အကြောင်းပြုပြီး အရောင်ပြောင်းတတ်သေးလျှင်
တချို့သော ယောင်္ကျားကောင်းတို့သည်လည်း အကျင့်ယုတ်သည့် လူများနှင့်
တွေ့ပါက စိတ်ရိုင်းဝင်သွားခြင်းများ ရှိလိမ့်မည်။
၃။ ရန်သူမှန်လျှင် အသေးအမွှား ဟူ၍ မရှိ။
၎။ လောကကြီးမှာ လွယ်ကူတဲ့အလုပ်ရယ်လို့မရှိပါ။ အားလုံး ခက်တာချည်း။
လူ့ဘဝကြီး ဆိုတာလည်း ဒီအတိုင်းပင်။ ကိုယ့်ကို တတ်တယ် တော်တယ်
အထင်ခံရရုံသက်သက်အတွက် ကျွန်ုပ်တို့တွင် ရှိသော စွမ်းအားတွေ၊
အရည်အသွေးတွေအားလုံး သူများကို တိုက်ခိုက်ဖြိုဖျက်တဲ့ အလုပ်ထဲမှာ
ပုံအောမည့်အစား၊ တစ်ယောက်ကို တစ်ယောက် အကောင်းဆုံး အနေအထားရောက်အောင်
မြှင့်တင်တဲ့အလုပ်၊ အားပေးကူညီတဲ့အလုပ်မှာ သုံးကြလျှင် ပို၍ .........
၅။ အောင်မြင်ရေးအတွက် အဓိကအကျဆုံး အရည်အချင်းသည် ပြဿနာတိုင်းကို
အရိုးရှင်းဆုံး ပုံစံနဲ့ ပေါ်လာအောင် ပြဿနာ၏ ကျောရိုးတွေကို
ဆွဲထုတ်ပုံဖော်တတ်ဖို့ပင်။
၇။ ကြေညက်အောင် ထွန်ယက်မထားတဲ့လယ်ကွက်တွင် ဘယ်တော့မှ သီးနှံကောင်းမထွက်ပါ။
၈။ နေရာတကာမှာ အာကျယ်အာကျယ် မလုပ်ပါနှင့် ညောင်သံပေးလွန်းတဲ့ကြောင်၊
သားကောင် ရှာမရ ဖြစ်တတ်သည်။
၉။ အနာဆိုးသာ ပြန်ကောင်းနိုင်သည်၊ နာမည်ဆိုးကတော့ ကိစ္စတုံး၏။
၁၀။ အဝတ်အစား ခေတ်ရှေ့ပြေးဖို့က အရေးမကြီးဆုံး၊ အသိပညာ ခေတ်နောက်မကျဖို့က အရေးအကြီးဆုံး။
၁၁။ လောကကြီးတွင် လေ့လာဆည်းပူးစရာတွေ မကုန်နိုင်လောက်အောင် ရှိနေသည်။
မွေးစဉ်က ဘာပညာဗဟုသုတမှ မပါလာသော်လည်း သေသည်အထိ နာလပိန်းတုံးဘဝနှင့်
နေသွားမည်ဆိုလျှင် အသုံးမကျဆုံး လူသားတစ်ဦး အလိုလိုဖြစ်သွားပေမည်။
No comments:
Post a Comment