Friday 23 September 2011

လူငယ်ဘဝ၌ ဝဖြိုးလွန်းလျှင် အသက်ပိုတို

အသက်၂၅ နှစ်အရွယ်တွင်ဝဖြိုးလွန်းအားကြီးနေသူလူငယ်များပြန်လည်စဉ်းစားသုံးသပ်ရန်
လိုအပ်နေပေပြီ။ Journal of Aldolescent Health တွင် ရေးသားထားသော
လေ့လာမှုတစ်ခုအရငယ်ရွယ်စဉ်ကာလဝလွန်းသူများသည်အခြားသူများထက်
စောစီးစွာ သေဆုံးလေ့ရှိကြောင်း တွေ့ရသည်။ လေ့လာမှုကို ခေါင်းဆောင်သူ ဒေါက်တာ ဂျွန်စတီဗင်က “ဒီနေ့ လူငယ်တွေဟာ လွန်ခဲ့တဲ့ နှစ်၂၀ ကနဲ့ ယှဉ်ရင် အရမ်းဝလာကြပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုအရတော့ အသက်ငယ်ငယ်နဲ့ ဝဖြိုးနေတာဟာ အသက်တိုခြင်းစေဖို့ နိဒါန်းလို့ ဆိုရမှာပါ” ဟု ပြောကြားခဲ့သည်။ ခန္ဓာကိုယ် ထုထည်အရ ညွှန်းကိန်း (Body Mass Index (BMI)) မြင့်မားသူများတွင် စောစီးစွာ သေဆုံးမှုနှုန်း ၂၁ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်။

ထို့ပြင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့နှင့်
တွဲဖက်လိုက်ပါက ငယ်ရွယ်စဉ် ဝဖြိုးလာသူများ၏ စောစီးစွာ သေဆုံးမှုနှုန်းမှာ ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ အာဟာရဗေဒ ပါမောက္ခဖြစ်သူ ဒေါက်တာ စတီဗင်က “အသက်အပိုင်းအခြားနဲ့ ကြည့်မယ်ဆိုရင် အသက် ၂၅ နှစ်အရွယ် လူငယ်ဘဝမှာ ဝလွန်းနေသူတွေမှာတောင် သေဆုံးမှုနှုန်း မြင့်မားတာ တွေ့ရပါတယ်။ ဒါကြောင့် လူငယ်တွေမှာ BMI ဟာ အရေးပါပါတယ်။ လူငယ်ဘဝ တစ်လျှောက်လုံး ကိုယ်အလေးချိန် မတက်အောင် BMI နဲ့ စံကိုက်ပြီး ထိန်းသိမ်းနေဖို့ လိုပါတယ်” ဟု ရှင်းပြခဲ့သည်။ ထို့ကြောင့် National Institute of Health မှ အာဟာရ ဗေဒပညာရှင် ကတ်သရင်းလော်ရီရာက ဤလေ့လာမှုသည် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များကို ဘဝတစ်လျှောက် စောနိုင်သမျှ စောစွာ မွေးမြူရန်နှင့် အမြဲတမ်း လိုက်နာကျင့်ကြံသွားရန် အရေးကြီးကြောင်း မှတ်ချက်ပေးခဲ့သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်