Wednesday, 12 October 2011

ဘီယာနဲ့ ရေကူးကြသူများ

ဘီယာချစ်သူများဟာ အခုဆိုရင် ဘီယာထဲမှာ စိမ်နေရင်ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး သူဌေးတချို့ဟာ ၄၂ဝဝဝ ပင့် (၁ပင့် = ဝ.၄၇၃ လီတာ) ရှိတဲ့ကန်ထဲမှာဝင်ပြီး စိမ်နေကြတယ်လို့သိရပါတယ်။ ထိုသူဌေးများ တော့ Austria ၊ Starkenberg ကဖြစ်ပါတယ်။ ထိုသူဌေးများပြောတာကတော့ ဒီလိုဘီယာကန်ထဲမှာ စိမ်ခြင်းအားဖြင့် အသားအရေလှပြီး သွေးလေလည်ပတ်မှု့ကောင်းသလို အရေပြားမှာရှိတဲ့ ဒါဏ်ရာတွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်တဲ့။ ထိုကဲ့သို့ ၁၃ ပေအရှည်ရှိတဲ့ဘီယာကန်များမှ ဘီယာများကို အပူအအေးချိန်ခိုင်းလို့လည်းရပါတယ်။ ထိုကန်ထဲမှာဆင်းစိမ်ပြီး ကန်ထဲမှာဘီယာကို သောက်ဖူးတဲ့ အသက် ၂၃ နှစ်အရွယ် Markus Amann ကတော့ ထိုဘီယာကို သောက်ဖို့ ဘာမှမကြောက်ပါနဲ့ သောက်လို့ရပြီး သင့်ကျန်းမာရေးကောင်းဖို့ အတွက်လည်း ထိုသိုစိမ်ခြင်းအားဖြစ် တစ်ကယ်ကိုအထောက်အကူဖြစ်စေပါတယ်လို့ပြောပါတယ်။ ဘုန်းကြီးတွေကလည်း အထဲဝင်ပြီး ကျန်းမာရေအတွက် စိမ်ကြပါတယ်တဲ့။ အကြံတော့ကြီးတယ်နော် : D

No comments:

Post a Comment