Monday 30 April 2012

အချစ်ဆိုသည်မှာ......

အချစ်ဆိုသည်မှာ - - -

> ကိုယ့်ဖက်က အရမ်းချစ်သလောက် သူ့ဖက်က ပြန်မချစ်သည့်အခါ အရမ်းခံရခက်သည်ဟု လူအများက လက်ခံထားကြလေသည် ။ လုံးဝလွဲမှားနေသည် ။ သူ့ဖက်က ပြန်ချစ်သည်မချစ်သည်မှာ သူ၏ စိတ်ခံစားချက် သူ့အပိုင်းသာဖြစ်ပြီး ကိုယ့်ဖက်က သူ့ကို ချစ်နေဖို့သာ အဓိက ကျနေသည်မဟုတ်လား ။

> ကိုယ်က ချစ်တယ်ဟု ဖွင့်ပြောပြီးသည့်အခါ ဘယ်တော့အဖြေပေးမှာလဲဟုတောင်းခံကြခြင်းမှာလည်း တကယ်တော့ အတော်အူကြောင်ကြောင်နိုင်သောကိစ္စဖြစ်သည် ။ ကိုယ်သူ့ကို ချစ်တယ်ဟုဖွင့်ပြောခြင်းမှာ ကိုယ်ချစ်နေခြင်းသူသိစေရန် ဖွင့်ဟ၀န်ခံခြင်းသက်သက်ပင်ဖြစ်သည် ။ သူ့ဆီက အဖြေလိုချင်သည် ထိုအဖြေမှာလည်း ချစ်တယ်ဆိုသည့်အဖြေဖြစ်ပြီး သူပြန်ချစ်တာကိုပြန်လိုချင်သည်မှာတော့ ကိုယ်၏အတ္တ သက်သက်သာဖြစ်သည်မဟုတ်ပါလား ။

> တကယ့်အချစ်စစ်ဆိုသည်မှာ

Sunday 29 April 2012

အိုင်းစတိုင်းကို စိန်ခေါ်ခြင်း၊ အလင်းထက်မြန်တာ ရှိသလော ???

ရီလေတီဗီတီနှင့် အလင်းအလျင်


အဲလ်ဘတ် အိုင်းစတိုင်းရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့ အရာဟာ အလင်းရောင် ဖြစ်ပါတယ်။
အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့ လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲကို ဖြတ်သန်းသွားရင်တော့ အလင်းရဲ့ အလျင်ဟာ အနည်းငယ် နှေးသွားပါမယ်။ လေဟာနယ်နဲ့ လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင် ပြုလုပ်လို့ မရပါ။ အလင်းအလျင်ဟာ သတ်မှတ်ထားတဲ့ ကြားခံနယ်တစ်ခုအတွက် ထာဝရကိန်းသေပါပဲ။
အခြေခံပညာအထက်တန်း  ကျေုာင်းသူ ကျောင်းသားတွေဟာ အလင်းအလျင်ကို c=3×108 m/sec ဆိုပြီး ကျက်မှတ်ထားရပါတယ်။ ကျွန်ုပ်တို့ဆီကနေ မိုင်ပေါင်း ၂၃၉၀၀၀ ဝေးတဲ့ လဆီကို အလင်းအလျင်နဲ့ သွားမယ်ဆိုရင် ၁.၂၃၈ စက္ကန့်ပဲ ကြာပါမယ်။ နေဆီကို သွားမယ်ဆိုရင် ၈ မိနစ်ပဲ ကြပါမယ်။ ကျွန်ုတို့နဲ့ အနီးဆုံးကြယ်ဖြစ်တဲ့ တောင်ဘက် မိုးကုပ်စက်ဝိုင်း အထက်နားက အယ်လ်ဖာ စင်တောရီကြယ် (alpha centauri) ဆီကို သွားမယ်ဆိုရင်တော့ ၄.၃ နှစ် ကြာပါတယ်။
ဒါကြောင့်လည်း စကြာဝဋ္ဌာလို ကြီးမားကျယ်ပြောလွန်းတဲ့ အကွာအဝေးတွေအတွက် အလင်းအလျင်ကို အသုံးပြုပြီး တိုင်းတာကြပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့နဲ့ အနီးဆုံးကြယ်ဟာ အလင်းနှစ် ၄.၃ နှစ် ဝေးကွာတယ်။ အလင်းနှစ် (light year) ဆိုတာ အလင်းရောင် တစ်နှစ်ကြာ ပြေးလွှား ရောက်ရှိနိုင်တဲ့ အကွာအဝေးပါပဲ။ အလင်းနှစ် ၁ နှစ်မှာ  မိုင်ပေါင်း ကုဋေ ခြောက်သိန်း ရှိပါတယ်။
ကျွန်ုပ်တို့ရဲ့ နဂါးငွေ့တန်းကြယ်စု (Milky Way galaxy) ဟာ ကြယ်ပေါင်း ကုဋေတစ်သောင်း ပါဝင်ပြီး လက်မောင်းလေးခု ပါဝင်တဲ့ ခရုပတ် အပြားဝိုင်းပုံစံ ကြယ်စုပါ။ အချင်း အလင်းနှစ်တစ်သိန်း ရှိပါတယ်။ စကြာဝဋ္ဌာတစ်ခုလုံးမှာ ကြယ်စုပေါင်း ကုဋေ တစ်သောင်း ပါဝင်တည်ရှိနေပါတယ်။
မြောက်ဖက်ကောင်းကင်က ဓူဝံကြယ်ဟာ ကျွန်ုပ်တို့ဆီကနေ အလင်းနှစ် ၁၄၂ နှစ် ဝေးကွာတယ်။ ဒါတွေဟာ အလင်းအလျင် အသုံးပြုပြီး ဖော်ပြချက် ဥပမာတွေပါ။ အိုင်စတိုင်းရဲ့ သီအိုရီအရ အလင်းအလျင်ကို အောက်ပါအတိုင်း ကောက်ချက်တွေ ချနိုင်ပါတယ်။

- လောကတွင် အလင်းအလျင်သာ အမြန်ဆုံး ဖြစ်သည်။
- အလင်းအလျင်ကို ပိုမြန်အောင် ပိုနှေးအောင် ပြုလုပ်၍မရ။
- အလင်းအလျင်နီးပါးဖြင့် ခရီးသွားလျှင် အချိန်နှေးကွေးလာမည်။ ခရီးသည်၏ သက်တမ်း (ကမ္ဘာပေါ်မှ လူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်) ပိုရှည်ပြီး နုပျိုနေမည်။
- အလင်းအလျင် တန်ဘိုးအတိအကျဖြင့် ခရီးသွားလျှင် ခရီးသည်၏ သက်တမ်းထာဝရတည်ရှိမည်။ သေဆုံးခြင်း မရှိ။ လက်ရှိ ရုပ်ခန္ဓာအတိုင်းသာ ထာဝရ ရှိနေတော့မည်။
-အလင်းအလျှင်ထက် ပိုမြန်သောနှုန်းဖြင့် ခရီးသွားလျှင် အချိန်နောက်ပြန်ဆုတ်မည်၊ အတိတ်သို့ ပြန်ရောက်မည်၊ ခရီးသည်၏ အသက် ပြန်လည်ငယ်ပြီး ပိုမိုနုပျိုလာမည်။

အဲဒီအယူအဆပေါ် အခြေခံပြီး

Thursday 26 April 2012

ကြက်မကြီးမှ ကြက်ကလေးအား အကောင်လိုက်မွေးဖွား

သီရိလင်္ကာ နိုင်ငံမှ ကြက်မတစ်ကောင်ဟာ ဥမဥပဲ ဝမ်းထဲမှပင် ကြက်သားပေါက်ကလေးအားအကောင်လိုက်မွေးခဲ့သဖြင့် ကြက်နှင့်ကြက်ဥတွင် မည်သည်က စတင်ဖြစ်ပေါ်လာသနည်း ဟူသော ခေတ်ဟောင်းဥာဏ်စမ်းယုံတမ်းစကားအတွက် ပိုမိုရှုပ်ထွေးဖွယ်ရာ အကြောင်းအရာတစ်ခု ထပ်ပေါ်လာစေခဲ့ပါတယ်....
              ကြက်မ၏ ကိုယ်ခန္ဒာမှ ဥမဥချလိုက်ရပဲ ၊ ပြင်ပတွင် ဥဝပ်စရာ နေရာ ၊ အပူငွေ့ပေးစရာမလိုပဲ ကြက်မ၏ ကိုယ်ခန္ဒာ
အတွင်းတွင် ၂၁ ရက်ကြာ ရှိနေခဲ့ပြီး အကောင်ပေါက်ခဲ့တာဖြစ်ပါတယ်။
                မိခင်ကြက်မကြီး သေဆုံးခဲ့ပေမယ့် ကြက်ပေါက်ငယ်ကလေးဟာ အတောင်အလက်အစုံအလင်
ပါရှိပြီး ကျန်းမာသန်စွမ်းလျက်ရှိပါတယ်။ ဝယ်လီမာဒါအရပ်တွင် သေဆုံးသွားသည့် ကြက်မကြီးအား စမ်းသပ်စစ်ဆေးခဲ့သည့်တိရိစ္ဆာန် ဆေးကုသရေးအရာရှိ PR Yapa က ၄င်းအနေဖြင့်ထိုကဲ့သို့ ဖြစ်ရပ်မျိုး
တစ်ခါမှကြုံတွေ့ခဲ့ရဖူးခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
               မျိုးပေါက်ခဲ့သည့် ကြက်ဥဟာ ကြက်မကြီး၏မျိုးပွားအင်္ဂါအစိတ်အပိုင်းတွင် ပေါက်ဖွားရှင်သန်
နေခဲ့တာဖြစ်ပြီး ဥမှပေါက်သည်အထိကြက်မကြီး၏ ကိုယ်ခန္ဒာအတွင်းတွင်သာ ရှိနေခဲ့တာကို တွေ့ရှိခဲ့ရတာ
ဖြစ်ပါတယ်။
     သေဆုံးသွားတဲ့ ကြက်မကြီးအား ခွဲစိတ်စစ်ဆေးခဲ့ရာတွင် အဆိုပါကြက်မကြီးဟာ ခန္ဒာကိုယ်အတွင်းပိုင်း
ဒဏ်ရာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။
@ ကိုပီတာ

Wednesday 25 April 2012

ဘယ်သူ အပျိုစစ်ပါသလဲ ???

ကျွန်မနဲ့သူကချစ်သူတွေပါ
လက်ဖက်ရည်ကြိုက်တတ်တဲ့ ကျွန်မဟာဆိုင်မှာပူပူလေးထိုင်ေ
သာက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါသူပြောလေ့ရှိတာကတော့
"မင်းကွာ...အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့ ။
ကျွန်မ အော်ရယ်ပစ်လိုက်တယ်..
လူတွေအများကြီးရှေ့မှာ ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ
ရိုးသားတဲ့အရည်ကို ရိုးသားစွာသောက်နေတာပါရှင် ၊
ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး
ကိုယ်မှန်တယ်ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ
ကျွန်မအကျင့်ကိုး ၊
ဟော...ထပ်ပြောပြန်ပြီ..
"မင်းကွာ...အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက " တဲ့ ၊
ထုံးစံအတိုင်း ကျွန်မမဖြေရှင်းပါဘူး ။
စာရင်းကိုင်တယောက်ဖြစ်တဲ့ ကျွန်မဟာတခါတရံအလုပ်များပါတယ်၊အဲဒီအခါ
အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို
"မင်းကွာ...အပျိုဆိုတာ အိမ်ပြန်သိပ်မိုးမချုပ်သင့်ဘူး" တဲ့ ၊
ဒီလိုနဲ့ပဲ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲနိုင်ငံခြားကို
အလုပ်လုပ်ဖို့ထွက်သွားပြီပေါ့ ။
သူနိုင်ငံခြားသွားလို့သိပ်မကြာခင်မှာပဲ ကျွန်မတပည့်တယောက်ရခဲ့တယ်၊
နာမည်ကချောချောတဲ့..။
ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။
LCCI(3)ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့ ၊
စာမေးပွဲဖြေဖို့နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ကျွန်မ
စာပြဖို့စောစောအရောက် ချောချောဆေးရုံတင်ထားရတယ်လို့
ဆီးပြောတာနဲ့ ဆေးရုံကိုလိုက်သွားမိတယ်။
ကိုယ်ဝန်(၂)လရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့ ၊
လူဦးလို့ပေါ့ ၊ မသေကောင်းမပျောက်ကောင်းရှင် ၊
ကျွန်မလဲအားပေးစကားပြောပြီးအိမ်ပြန်လာခဲ့တယ်။
ကျွန်မစိတ်ထဲ မရှင်းဘူးရှင် ၊ ကျွန်မသိသလောက်တော့ ချောချောဟာ
အိမ်သားတွေမပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..၊
ရော်...ဘာတွေလဲကွယ်...။
အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ ၊ရယ်ရင်လည်း
တိုးတိုးလေးရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ချောချောကို နောက်ထပ်
မတွေ့ရတော့ပါဘူး။
အချိန်တွေကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့စာအိတ်တစ်လုံးကို
ကျွန်မရခဲ့တယ်။
ဖိတ်စာကသူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့ ၊ ဆက်ဆက်လာပါတဲ့ ။
သွေးကြောင်ရင် ဘေးချောင်မှာရပ်နေမှာပေါ့ ၊ ကျွန်မဆက်ဆက်သွားမှာပါ ။
စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ ၊ဆက်ဖတ်ဖို့မလိုအပ်တော့ဘူးလို့ထင်တာနဲ့
ဒီတိုင်းပဲပစ်ထားလိုက်တယ် ။
မင်္ဂလာဆောင်ရက်မှာ အသဲမကွဲဘူးဟေ့လို့ ပြချင်တဲ့ကျွန်မ အလှဆုံးကိုပြင်ပစ်လိုက်တယ် ။
အချစ်ဦးနဲ့လွဲရပေမဲ့ အချစ်ဆုံးနဲ့ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင် ၊
အချစ်မပါဘဲ ဘ၀ကိုအောင်မြင်အောင်တည်ဆောက်ခဲ့တဲ့ သူတွေမှအများကြီးပါ ။
ဟော..လာနေပြီ..မင်္ဂလာမောင်နှံ ၊ သူရွေးတဲ့သတိုးသမီးကို သေသေချာချာကြည့်မှ..
ပါးချိုင့်..သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့် ..
ချောချော..သြော် သတိုးသမီးက ချောချော ကိုး ။
အိမ်ပြန်ရောက်တာနဲ့

Synchiropus splendidus လို့ခေါ်တဲ့ အလွန်လှပတဲ့ ငါး

Green Mandarin လို့ခေါ်တဲ့ ငါဟာ အလွန်လှပတဲ့ ပင်လယ်ငါးတစ်မျိုးဖြစ်ပါတယ်။ ဒီငါးဟာ တမူထူးခြားတဲ့ ပုံ သဏ္ဍာန်ရှိပြီး ခန္ဓာကိုယ်ဟာလဲ တောက်ပတဲ့ အပြာ၊ အဝါ၊ လိမ္မော် နှင့် အစိမ်းရောင်
တို့ပေါင်းစပ်ထားပါတယ်။
အမျိုးအစားအနေဖြင့်နှစ်မျိုးရှိပြီး standard Mandarinfish နဲ့ Psychedelic Mandarin တို့ဘဲဖြစ်ကြပါတယ်။ှStandard အမျိုးကတော့ ပိုပြီး ကြည့်လို့လှပါတယ်။ ဘာဘဲပြောပြော ကျွန်တော်အနေနဲ့တော့ နှစ်မျိုးလုံးကြည့်လို့လှပါတယ်။
အရွယ်အစားအနေဖြင့် ၆ လက္မခန့် အထိ ကြီးထွားကြပါတယ်။ ပုစွန်ဆိတ်၊ တီကောင်နက် တို့ကိုစားသောက်ပါတယ်။ ဒီငါးများကို ပစီဖိတ်သမုဒ္ဒယာ အနောက်ဖက်ခြမ်း သန္တာကျောက်တန်းများမှာတွေ့ရပါတယ်။ သက်တမ်းအနေဖြင့်တော့ ၁၅ နှစ်ခန့်ရှည်ပါတယ်။ ဒီငါးဟာ လှပေမဲ့ အနံ့ဆိုးတမျိုးထွက်ပြီး အသားဟာလဲ အလွန်ခါးလှပါတယ်။ ဝယ်ခြင်ရင်ဝယ်ယူလို့ရပြီး ဈေးနှုန်းအနေအားဖြင့်တော့ အမေရိကန်ဒေါ်လာ ၂ဝ မကျော်ဘူးလို့
သိရပါတယ်။ ဒါပေမဲ့ ဒီငါးကို ထားဖို့အတွက်ကတော့ အနည်းဆုံး ရေဂါလံ ၄ဝ လောက်ဆန့်တဲ့
 ရေကန်ထဲမှာ ထားမှရမယ်ဖြစ်ပါတယ်။

Sunday 22 April 2012

လေဖြတ်ဝေဒနာအကြောင်း သိကောင်းစရာ

အသက်(၈၀)ရှိ အဘိုးအိုက အသက်(၃၃)နှစ်ရှိ လေဖြတ်ထားသူကို ဆေးခန်းသို့ လာပို့ပါသည်။ ထိုအခါက 
ဆရာမက...မောင်လေး ဘာအလုပ်လုပ်ပါသလဲ၊
Taxi မောင်းတယ်၊
ရေ ဘယ်အချိန်ချိုးလဲ ?
ရေ တနေ့ ၃-ကြိမ်လောက်ချိုးတယ်၊ ညဘက် ကားမောင်းပြန်လာရင်လည်း ထပ်ချိုးတယ်။ ရေချိုးတိုင်း ခေါင်းက အမြဲရေလောင်းချိုးတယ်။ သမံတလင်းပေါ် အိပ်တယ်။
လေပန်ကာ ခံတယ်။ ကျွန်တော်က ချွေးထွက်သိပ်လွန်တော့ အအေးကြိုက်တယ်။ ရေစိုရေလဲ လုံချည်ကို ခြုံထားတတ်တယ်။ ခင်းအိပ်တတ်တယ်။ ရေဆို ဆေးသောက်တာကအစ ရေခဲရေနဲ့မဟုတ်ရင် မသောက်တတ်ဘူး။


ဘယ်လိုအစားအစာမျိုးကို ပိုစားလေ့ရှိသလဲ?
ကျွန်တော်က ဝက်သားကြိုက်တယ်၊ ဘဲကင်လည်း ကြိုက်တယ်။ အုန်းနို့ခေါက်ဆွဲဆို မနက်တိုင်း စားတယ်။ ကားသမားဆိုတော့ အပြင်မှာ ကြုံရင်ကြုံသလို ပလာတာ၊ အီကြာကွေး၊ စမူဆာ အပြန်ပြန်ကြော်ပြီးသားဆီနဲ့ကြော်ထားတဲ့ ဆီကြော်မုန့်တွေ မကြာခဏ စားသောက်ပါတယ်။
 ဆေးလိပ်သောက်တယ်။ အရက်လည်း အနည်းအကျဉ်းသောက်တယ်။
ဒါနဲ့ ဆရာမက လိုက်ပို့တဲ့ လူနာရဲ့ ဖခင် အသက်(၈၀)နှစ်ထိ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေပုံကို ကြုံတုန်းစပ်စုလိုက်ပါတယ်။
အဖေကြီး...ခုလိုကျန်းမာရေးကောင်းအောင် ဘယ်လို နေထိုင် စားသောက်ပါသလဲ?
မနက်တိုင်း လမ်းလျှောက်တယ်။ စိပ်ပုတီးအကူ မပါဘဲ ဘုရားဂုဏ်တော်ကိုးပါးကို အမြဲပွားများတယ်။ မနက်ခင်း ထမင်းကို ဘုရင်လို စားတယ်။
နေ့ခင်းစာကို ဆင်းရဲသားလို စားပြီးညဘက်စားစရာမရှိလို့မစားတဲ့သူတောင်းစားလို
 နေပါတယ်-လို့ ဖြေပါတယ်။
ကိုယ့်ခန္ဓာကိုယ်က လက်မခံတဲ့အဟာဟူသရွေ့ မစားဘူး။ ငယ်ငယ်ကတည်းက စားဖူးတဲ့အစာမျိုးပဲ စားတယ်။ ခုခေတ်ပေးတဲ့ အချိုရည်နဲ့ ကိုယ်မစားဖူးသေးတဲ့ အသစ်အဆန်း အစာဟူသရွေ့ ရှောင်ပါတယ်။ 
အစာကို မနက်(၈)နာရီမှာ တကြိမ်၊ နေ့လယ် (၁၂)နာရီမှာ တကြိမ်၊ ညနေ (၄)နာရီမှာ တကြိမ် စသည်ဖြင့် ခန္ဓာကိုယ်ကို အချိန်မှန် ကျွေးပါတယ်။ ခန္ဓာကိုယ်ကို ကားဓာတ်ဆီဖြည့်သလို အချိန်မှန် ဆီဖြည့်ပေးဖို့ လိုအပ်ပါတယ်။ အခုလို အချိန်မှန်တဲ့အတွက် အသက်ရှည်၊ ကျန်းမာတာ ဖြစ်ပါတယ်-လို့ ဖြေပါတယ်။
ဒါကြောင့် လေဖြတ်တယ်ဆိုတာ အသက်ကြီးမှဖြတ်တာ မဟုတ်ပါဘူး။ ဒီဘက်နှစ်တွေမှာဆို အသက်ငယ်ငယ်နဲ့ လေဖြတ်တာတွေ ပိုများနေပါပြီ။ ဆရာမရဲ့ လူနာတွေထဲမှာ အသက်(၁၄)နှစ်ကနေ (၁၅)နှစ်ထိ အငယ်ဆုံး လေဖြတ်တာ ကြုံတွေ့ခဲ့ဖူးပါပြီ။ 
လေဖြတ်ရောဂါဖြစ်စေတတ်သော အခြေခံရောဂါများ---
၁။ ဆီးချိုရောဂါကြောင့် လေဖြတ်ခြင်း၊
၂။ သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်း၊
၃။ နှလုံးရောဂါကြောင့် လေဖြတ်ခြင်း၊
၎။ အရက်သေစာ အလွန်သောက်စားမှုကြောင့် လေဖြတ်ခြင်း၊
၅။ ခါးကြောရိုး နာဗ်ကြောတွင် ထိခိုက်ဒဏ်ရာကြောင့် လေဖြတ်ခြင်း၊
စတဲ့ အခြေခံရောဂါတွေဟာ လေဖြတ်ဖို့ အင်မတန်မှ နီးစပ်တဲ့ရောဂါများ ဖြစ်ပါတယ်။
လေဖြတ်ရောဂါကို ပါဠိဘာသာလို သွက္ချာပါဒ-လို့ ခေါ်ပြီး

Monday 16 April 2012

အောင်မြင်မှုရဲ့ တစ်ကယ့် လျို့ဝှက်ချက်

လူအများစုဟာ အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြပါတယ်။ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့အတွက် လျှို့ဝှက်ချက်၊ အလုပ်မှာ အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်၊ စသဖြင့် အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြတယ်။ သူတို့တွေ အဲဒီလျှို့ဝှက်ချက်တွေကို ရှာတွေ့ဖို့အတွက် Amazon.com က စာအုပ်ပေါင်း ၁၇၉၇ အုပ်ကို လက်ရှိ စာရင်းပြုစုထားပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ” ထူးထူးခြားခြား အောင်မြင်ကြသော အမျိုးသမီးများ၏
 အောင်မြင်ရေးလျှို့ဝှက်ချက်များ ” ဆိုတဲ့ စာအုပ်က အစ၊ ” သန်းကြွယ်သူဋ္ဌေးတို့၏ လျှို့ဝှက်ချက် ၂၁ ခု” စတဲ့ အောင်မြင်စေရမယ်လို့ ကတိပေးထားတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။ သင်ဟာလည်း အောင်မြင်ရေးလျှို့ဝှက်ချက်ကို ရှာဖွေနေတဲ့သူတစ်ယောက်ဆိုရင်တော့

Wednesday 11 April 2012

ခြေထောက် ၃ ချောင်းနဲ့ ပြည့်တန်ဆာမ

ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ်ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။ အဲဒီစာတမ်းမှာ သူမကို"modified duplication of the lower body " လို. ရည်ညွန်းခဲ့ပါတယ် ။
သူမမှာ ကြီးမားကျယ်ပြန့်တဲ့ တင်ပါးဆုံအရိုးကွင်း ရှိပြီး ကောင်းစွာဖွံ့ဖြိုးမှုမရှိတဲ့ခြေထောက်နှစ်ချောင်းနဲ့  တတိယခြေထောက်တစ်ချောင်းက သူမရဲ့ ပေါင်ခွကြားမှာ ကပ်နေတယ် ။ နောက်ပြီး သူမမှာ ကောင်းစွာဖွံ့ဖြိုးတဲ့ ပုံမှန်ရင်သားနှစ်ဖက်ပါရှိပြီး ၊ ဆီးခုံအပေါ်ဘက်မှာ နို့သီးခေါင်းပါဝင်ပြီး ဖွံ့ဖြိုးမှုမရှိ တဲ့ သေးငယ်တဲ့ ရင်သားတစ်စုံလည်း အပိုပါရှိပါတယ် ။ ဒါ့အပြင် ဘလန့််ခ်ျဆီမှာ ကောင်းစွာဖွံ့ဖြိုးပြီး ပုံမှန်အတိုင်းဖြစ်တဲ့ မမျိုးပွားအင်္ဂါအပြည့်အစုံ နှစ်ခု

Monday 9 April 2012

တင်းနစ်ကစားသလို ဘောလုံးကစားပြသွားတဲ့ ကမ္ဘာကျော် ဘောလုံးသမားများ

အာဂျင်တီးနားရဲ့ ကမ္ဘာကျော် ဘောလုံးသမားတွေဖြစ်တဲ့ မာရာဒိုနာ၊တီဗက်၊မက်ဆီ၊အန်ဇို အစရှိတဲ့ ဘောလုံး သမားတွေဟာ တင်းနစ်ရိုက်သလို ဘောလုံးကစားပြီး ပရိတ်သတ်တွေကို သရုပ်ပြ ဖျော်ဖြေသွားတာကို တွေ့ရပါတယ်။

Wednesday 4 April 2012

ထူးဆန်းအံ့သြဖွယ် နီပွန်လေကြောင်းလေယာဉ်ကို မိုးကြိုးပစ်ချခြင်း

ဝိုးးးးးးးးးးးးးးး အသက်ရှုမှားလောက် ဖွယ်ရာပါပဲ ။ ဓါတ်ပုံဆရာကလည်း အတိကအကျကို မှတ်တမ်းတင်လိုက်နိုင်ပါတယ် ။ ဒါဟာ ဘာကြောင့်ပါလဲ ။ လေယာဉ်က voltage ကြောင့်ဖြစ်ပါသလား ။ ဒီအလင်းရောင်တန်းကြီးက လေယာဉ်ကို ဖြည်းညှင်းစွား ဖြတ်သန်းစဉ်မှာ လေယာဉ်က လျှပ်ကူးပစ္စည်းအဖြစ် အသုံးချခံလိုက်ရခြင်း ဖြစ်ပါတယ် ။ အကယ်၍ ဒီလေယာဉ်ကသာ သိပ်ခံနိုင်ရည်မရှိခဲ့ရင်
လေယာဉ်ကြီးတစ်ခုလုံး အရည်ပျော်ကျသွားမှာ ဖြစ်ပါတယ် ။ ဖြစ်ပွားတဲ့နေရာကတော့ အိုဆာကာ မှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ လေယာဉ်ကြီးေ၇ာ အတွင်းက လူတွေရော အသက်ရှင် လွတ်မြောက်ခဲ့ပါတယ် ။ ဒီလိုပုံမျိုးကို အလွယ်တကူ တွေ့ရှိရဖို့ ဆိုတာ မလွယ်ကူလှပါဘူး ။
 ဒါကတော့ အနှေးကွက်နဲ့ ပြတာ ဖြစ်ပါတယ် ။

Monday 2 April 2012

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ




ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြားအစားထိုး သုံးနိုင်ပါတယ်။ ပျားရည်ဟာ အရသာရှိရုံသာမက အနာကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
(၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝအရာဖြစ်ပြီး စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိပြီး ကြွက်သားတောင့်တင်း ညောင်းညာမှု လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မူးဝေတာမျိုးကိုလည်း သက်သာစေပါတယ်။
(၂) လည်ချောင်းနာနေရင် ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပေးပါက သက်သာစေပါတယ်။
(၃) ပျားရည်ကို ရှလကာရည်နဲ့ ရောပြီးသောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။
(၄) ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေကာ နှလုံးရောဂါထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
(၅) ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ်တာကို လျော့ကျစေနိုင်ပါတယ်။
(၆) ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီး ပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။
(၇) ပျားရည်ကို နှင်းခူလို အရေပြားယားနာတွေပေါ် လိမ်းပေးရင် သက်သာစေပါတယ်။ အရေပြားခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံးအစိုဓာတ်ထိန်း ခရင်မ်အဖြစ် သုံးနိုင်ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ နေ့စဉ်မှန်မှန် သုတ်လိမ်းပေးပါက တစ်ပတ်အတွင်းမှာ နူးညံ့ပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။ သင့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကိုလိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်။
(၈) နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီးနွေးရေကို ရောပြီးသောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေစနစ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့

Sunday 1 April 2012

တညင်းသီး နှင့် သူ၏အဆိပ်

အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး
အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ
အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို
ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်

သစ်သီး အနုပညာ







ပျင်းရိခြင်းဆိုရာဝယ်.......



အားကစား သွားလုပ်မလို့ပါတဲ့



အပြင်းပြေ Drum တီးရအောင်