ပေါက်ကရ လုပ်စားတဲ့နေရာမှာတော့ ပြည်မကြီးက ပေါက်ဖော်တွေကို မည်သူမှ မှီမည်မထင်။
ခု....လာပြန်ပြီ.....ဖားကော့တေး တဲ့။ တိရစ္ဆာန်မျိုးစုံကို အမျိုးမျိုးလုပ်စားတဲ့နေရာမှာတော့ ဆရာတစ်ဆူပင်။
ကျွန်တော်တို့လည်း ဖားကို စားပါတယ်။ ဒါပေမယ့် သူတို့တွေလိုအစိမ်းမစားဘူး.... ချက်ပြုတ်စားသောက်တာ။ သူတို့ကတော့ ထိုကဲ့သို့မဟုတ်။ ဖားအစိမ်းကို သစ်သီးဖျော်စက်ထဲထည့်ပြီး ထည့်မွှေပစ်လိုက်တာ။ သောက်တဲ့လူတော့ မသိ။ ကြည့်တာနဲ့တင် တော်တော် လေးကို အာရုဏ်နောက်တယ်။ ဗဟုသုတအနေနဲ့ နောက်ထပ် တင်ဆက်လိုက်ပြန်သည်။
Tuesday, 25 September 2012
မျက်လုံးအရောင် နှစ်မျိုးရှိသော သတ္တဝါများ
@ http://www.wackynwild.com/
Tuesday, 11 September 2012
ဗြိတိန်တွင်ကျင်းပပြုလုပ်ခဲ့တဲ့ ဟင်းသီးဟင်းရွက် ပြိုင်ပွဲ မှကမ္ဘာ့အရှည်ဆုံး မုန်လာပင် စံချိန်တင်ပေါ်ထွက်လာ
အင်္ဂလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အသီးအနှံ ပြိုင်ပွဲမှာ Peter Glazebrook ဆိုသူ စိုက်ပျိုးရေးသမားတစ်ယောက်ရဲ့ အရွက်စားနိုင်တဲ့ မုန်လာပင်တစ်မျိုးဟာ ကမ္ဘာ့ အရှည်ဆုံး မုန်လာပင် အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
ထိုအပင်ရဲ့ အရှည်ဟာ ၁၈ ပေ ၅ လက်မ (သို့) ၅.၆၀၇ မီတာ ရှိကြောင်းလဲ သိရပါတယ်။
Mr Glazebrook ဟာ သူ့ရဲ့ ပထမဆုံး ဝင်ပြိုင်တဲ့ ပြိုင်ပွဲမှာ ပထမ အဖြစ်နဲ့ရော ကမ္ဘာ့ စံချိန်တင်ခဲ့တဲ့ အဖြစ်ရော ရရှိခဲ့တာ ဖြစ်တာကြောင့် အလွန်ပဲ ပျော်ရွှင် ကြည်နူးမိကြောင်း ပြောကြားသွားခဲ့ပါတယ်။
ထို့အတူ ထိုပြိုင်ပွဲတွင် အကြီးဆုံး ဥ အဖြစ် ၈ ပေါင် ၄၀ အောင်စ (၃.၇၆ ကီလို) လေးတဲ့ အာလူး တစ်ဥ လဲ ဆုရသွားကြောင်း သိရပါတယ်။














