Friday, 3 February 2012

ခြေထောက်နဲ့ ခြေသည်းပါတဲ့မြွေကို တရုတ်နိုင်ငံတွင်တွေ့ရှိ

အသက် ၆၆ နှစ်အရွယ်ရှိ Dean Qiongxiu ဆိုသူ တရုတ်အမျိုးသမီးတစ်ယောက်ဟာ ညသန်းခေါင်ယံအချိန်မှာ တွားသွားပြီး သူမရဲ့ ရေချိုးခန်းနံရံကို ကုတ်ခြစ်တဲ့အသံကို ကြားရတယ်လို့ ပြောပါတယ်။ အဲဒီနောက် ကျွန်မ ထူးဆန်းပြီးကုတ်ခြစ် တဲ့အသံကို နားစွင့်ကြည့်တယ်။ ပြီးတော့ မီးခလုတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ အဲဒီ ထူးဆန်းတဲ့အကောင်ဟာ နံရံတွေကို ကုတ်ခြစ်နေတာကို တွေ့လိုက်ရတယ်လို့ အနောက်တောင်
တရုတ်နိုင်ငံမှာနေထိုင်တဲ့ Mrs. Dean ဆိုသူက ပြောပါတယ်။ အဲဒီအဖြစ်ပျက်ကို ကြုံတွေ့ပြီးတဲ့နောက် ကျွန်မ တစ်ပါတ်လောက်အထိ ညပိုင်းမီးဖွင့်ပြီးတော့အိပ်ခဲ့ရပါတယ်လို့ သူမက ဆက်လက်ပြီး
ပြောပြသွားပါတယ်။

ဒီလိုအကောင်မျိုး ကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ဘူးဆိုတော့ ဒါဟာ Photoshop နဲ့ ပြုလုပ်ထားတာလား ၊ တစ်ကယ်လားဆိုတာ ပြောဖို့ခက်နေပါတယ်။
source : http://www.towleroad.com/2009/09/snake-with-leg-and-clawed-foot-found-in-china.html

4 comments:

  1. ဒီမြွေမျိုးဆို..တွေ့လည်း
    ထွက်ပြေးဖို့မလိုတော့ဘူးပေါ့
    ထူးတော့.ထူးဆန်းတယ်နော်

    ခင်မင်လျှက်

    ReplyDelete
  2. ခြေထောက်တွေကပုတ်သင်ညိုနဲ့တူတယ်နော့

    ReplyDelete
  3. ပုတ်သင်ညိုနဲ့ မိတ်လိုက်ပြီး ပေါက်လာတဲ့မြွေမျိုးပါ။

    ReplyDelete
  4. ထူးဆန်းပေမယ့်သိပ်မယုံချင်ဘူး

ွှTZW

    ReplyDelete