Wednesday 31 August 2011

ဝမ်းဗိုက်အတွင်း မြွေကြီးရောက်နေသည့် အမျိုးသမီး....

ဝမ်းဗိုက်အတွင်း အလွန်ကြီးမားသည့် မြွေတစ်ကောင်ရှိနေသည်ဟု
ဆိုသည့် အသက် ၅၀ အရွယ်ရှိ ပါကစ္စတန်နိုင်ငံမှ အမျိုးသမီးကြီးတစ်ဦးသည်
သူမအားခွဲစိတ်ကုသပေးရန် သက်ဆိုင်ရာအာဏာပိုင်များအား
တောင်းဆိုပန်ကြားခဲ့ ပါတယ်...အဆိုပါအဖြစ်အပျက်ဟာ ပါကစ္စတန်နိုင်ငံ၊
ချိုရာဆဂ္ဂါအရပ်သူ၊ အသက် ၅၀ အရွယ်ရှိ ရာရှီဒန်ဘီဘီ အ
မည်ရှိ အမျိုးသမီးကြီးတစ်ယောက် အပ်ထရာဆောင်းရိုက်ကြည့် ရာမှ သူမခန္ဓာကိုယ်ထဲတွင် မြွေကြီးတစ်
ကောင်ရှိနေသည်ကို တွေ့ ရှိခဲ့ တာဖြစ်ပါတယ်...
သူမနေအိမ်တွင် ရေတကောင်းဖြင့် ရေသောက်ခဲ့ စဉ် အလွန်သေးငယ်သည့် မြွေတစ်ကောင် ထိုရေနှင့် အ
တူ သူမခန္ဓာကိုယ်အတွင်း ရောက်ရှိသွားခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်...

မအေတူ ဖအေကွဲ အမြွှာညီနောင်


အမွှာညီအစ်ကိုနှစ်ဦးဖြစ်ကြသည့် မားကပ်စ်နှင့်လူးကပ်စ်တို့ ဟာ ကမ္ဘာလောကကြီးထဲကို ၄၈ မိနစ်သာခြား
ပြီးဝင်ရောက်လာခဲ့ ကြတာဖြစ်ပါတယ်...
သို့ သော်လည်း သူတို့ လေးတွေရဲ့ ဖခင်ကတော့ တစ်ဦးစီဖြစ်နေခဲ့ ပါတယ်...
မိခင်ဖြစ်သူ ချားလော့ ဟေးလ်ဘ၇န့် တစ်ယောက် ခင်ပွန်းဟောင်း မိုက်ကယ်နှင့် ရော ချစ်သူအသစ်ဖြစ်သူ

How to Keep Teeth White Naturally ???

There are many effective methods of teeth whitening available, but some come with heavy price tags. Here are some steps you can take at home to whiten teeth naturally without breaking the bank.
Things You’ll Need:

ထူးဆန်းသော ရေချိုးတဲ့ပုံစံများ

အကယ်၍သင်ဟာ မောပန်းနေခဲ့ပြီး ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ရေချိုးလိုပါသလား ။ နို့ရည်နဲ့ ရေချိုးတာကို တော့ ကျွန်တော်တို့ ကြားခဲ့ဖူးတာကြာပါပြီ ။ ဒါပေမယ့် ကျွန်တော်တို့ လုံးဝမကြားဖူးသေးတဲ့ ရေချိုးနည်း သစ်တွေအများကြီးရှိပါတယ် ။ ပုံသဏ္ဍာန်မတူတဲ့ ရေချိုးနည်းတွေဟာ ဒေသတစ်ခု လူမျိုးတစ်ခုချင်းစီရဲ့ ရိုးရာဓလေ့ များဖြစ်ပြီး အဲဒီဒေသတွေမှာ အချိန်တိုအတွင်းမှာပဲ တွင်ကျယ်ခဲ့တာ ဖြစ်ပါတယ် ။
အဲဒီရေချိုးနည်းတွေထဲက အချို့ဟာ တကယ့်ကိုပဲ ထင်ရှားကျော်ကြားလှပါတယ် ။ ဘာကြောင့်လဲဆို လူရဲ့ ခန္ဓာကိုယ်ကို အကျိုးရှိစေပြီး ပါဝင်ဆင်နွှဲကြသူတွေဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့အတွက် ဖြစ်ပါတယ် ။ ဒီလိုကို့ယို့ ကားယားနိုင်တဲ့ ရေချိုးနည်းတွေဟာ ဂျပန်နိုင်ငံကနေ အခြေပြုဆင်းသက်လာတယ်လို့လည်း သိရပါတယ် ။
မြေကြီးရေချိုးခြင်း
ဂျပန်နိုင်ငံမှာ ရိုးရာဓလေ့အဖြစ် Kyushu ကျွန်းမှာ မြေကြီး ရေချိုးနည်းကို ဆင်နွှဲလေ့ရှိကြပါတယ် ။ ဒီရေချိုးနည်း ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးရှိစေပြီး ချွေးထွက်စေပါတယ် ။ စိတ်ကို ပြေလျော့စေပြီး ခန္ဓာကိုယ် တောင့် တင်းမှုတွေကိုလည်း သက်သာစေတဲ့အပြင် လန်းဆန်းမှုကိုလည်းပေးပါတယ် ။ ဦးခေါင်းမှလွဲ၍ တကိုယ်လုံးကို မြေကြီးထဲ နစ်မြှုပ်ထားခြင်းပဲ ဖြစ်ပါတယ် ။



ရေနံနှင့် ရေချိုးခြင်း
အန္တရာယ်အများဆုံး ရေချိုးနည်းတွေထဲက တစ်ခုကတော့ ရေနံနဲ့ ရေချိုးနည်းပဲ ဖြစ်ပါတယ် ။ ရေချိုးတော့ မယ်ဆိုရင်တော့ သင့်ရဲ့ ပါးစပ် ၊ နှာခေါင်း ၊ ပါးစပ်တို့ကို လုံခြုံစွာ ဖုံးအုပ်ထားဖို့တော့ လိုပါလိမ့်မယ် ။ ရေနံနဲ့ ရေချိုး နေစဉ်မှာ ဆေးလိပ်သောက်ဖို့ မီးမညှိရန်လည်း သတိထားရပါမယ် ။ ရေနံနဲ့ ရေချိုးခြင်းရဲ့ အကျိုးကျေးဇူး ကတော့ အဆစ်ရောင်ရောဂါနဲ့ အရေပြားရောဂါတွေကို ပျောက်ကင်းစေတဲ့အတွက် ဖြစ်ပါတယ် ။ ဘာကြောင့် လည်း ဆို ရေနံမှာ sulphur (ဆာလ်ဖာ) ပါဝင်တဲ့အတွက် ဖြစ်ပါတယ် ။ ဒီရေချိုးနည်းကို Azerbaijan နိုင်ငံမှ Naftalan မှာ ကျင့်သုံးနေကြပါတယ် ။

ကမ္ဘာပေါ်ရှိ တန်ဖိုးအကြီးမားဆုံး Iphone

အကယ်၍ သင်ဟာ ဖုန်းသရဲ တစ်ဦး ဆိုရင်တော့ ဒီဖုန်းကိုကြိုက်နှစ်သက်မိမှာ အမှန်ပါပဲ ။ Australia မှာနေတဲ့ Peter Aloisson က ဒီအိုင်ဖုန်းကို ပြုလုပ်ထားခြင်း ဖြစ်ပါတယ် ။ အကျိုးဆက်ကတော့ အိုင်ဖုန်း ဘုရင်မ (ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံး ) ဖြစ်သွားပါတယ် ။ စိန်အလုံးပေါင်း ၁၃၈ လုံးကို အသုံးပြုထားပြီး အဲဒီစိန်တွေကို Princess cut လို့လည်း ခေါ်ပါတယ် ။ စိန်အလေးချိန်ပေါင်း ၁၇.၇၅ ကာရတ်ရှိပြီး ရွှေဖြူပေါင်း၁၈ကီလိုနဲ့ပြုလုပ်ထားပါတယ်။
တန်ဖိုးက ဒေါ်လာ ၁၇၆၄၀၀ ဖြစ်ပါတယ် ။ Brilian cut diamonds တွေချည်းပဲ ပြုလုပ်ထားတဲ့ ဖုန်းကတော့ ဒေါ်လာ ၆၆၁၅၀ ကျပါတယ် ။

ရေထဲမှ Pamplona ကျွဲခတ်ပွဲတော်

ရေထဲမှာကျင်းပတဲ့ ဒီပွဲတော်ကို Pamplona ကျွဲခတ်ပွဲတော်လို့ခေါ်ပါတယ် ။ အလွန်ကို အသက်အန္တရာယ်များပြီး ဒါဏ်ရာ ရဖို့ လက်တကမ်းမှာရှိပါတယ် ။ ဘာကြောင့် ဒီလိုအလုပ်ကိုလုပ်ရတာပါလဲ ။ နာမည်ကြီးချင်လို့လား ကျွန်တော် ကတော့ဒါကို စွန့်စားမှုတစ်ခုလို့ မမြင်ပါဘူး ။ရူးသွပ်တဲ့ အလုပ်တစ်ခုလို့ပဲ မြင်မိပါတယ် ။ ကဲ ဘာပဲ ပြောပြော ရင်ခုန်ဖွယ် ပွဲတော်ကို လေ့လာကြည့်ရအောင် ။ 



နောက်ဆုံးပေါ် ရေပေါ်ရှပ်ပြေးယဉ်

Marion Hyper-Sub ဆိုတာ ရေပေါ်မှာ တစ်ဝက်တစ်ပျက် နစ်မြုပ်ပြီး အလွန် မြန်တဲ့ powerboat အမျိုးအစားပဲ ဖြစ်ပါတယ် ။ ဒီရှပ်ပြေးယဉ်ဟာ ပြောင်းလဲလာတဲ့ နည်းပညာတွေအရ အသစ်တီတထွင် ထုတ်လုပ်လိုက်တဲ့ ပြုပြင် ပြောင်းလဲလွယ်တဲ့ ဒီဇိုင်းလည်း ဖြစ်ပါတယ် ။ ဒီ powerboat ဟာ ရေမျက်နှာပြင်ပေါ်မှာ ထင်မှတ်မ ထားလောက်အောင် အမြန်နှုန်းနဲ့ ခုတ်မောင်းနိုင်ပါတယ် ။ Hyper-Sub ဟာ ပထမဆုံးသော အသေးငယ်ဆုံး မြင်းကောင်ရေနဲ့ ခုတ်မောင်းတဲ့ ယဉ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ အထူးသဖြင့် ပင်လယ်နက်တွေထဲမှာ ခုတ်မောင်းနိုင်အောင် ဒီဇိုင်းထွင်ထားပြီး ဓါတ်အားသွင်းစနစ် ၊ အလိုအလျောက်ထိမ်းချုပ်စနစ် ၊ ရေထုဆန့် ကျင်အား စနစ်တွေနဲ့ ပြုလုပ်ဖန်တီးထားပါတယ် ။ ဒီရှပ်ပြေးယဉ်ရဲ့ ဒီဇိုင်းတစ်ခုထဲကိုပဲ နှစ်ပေါင်း ၃၁ နှစ်ကြာ အောင် တီထွင်ကြံဆခဲ့ရပါတယ် ။

UAE မှာ ကြွေကျ၊ မြေခတဲ့ တိမ်တိုက်

လေထက်သိပ်သည်းဆနည်းပြီး၊ ပိုမိုပေါ့ ပါးလို့  ကောင်းကင်ယံမှာ လွင့် မျောနေတဲ့ တိမ်စိုင်၊တိမ်ခဲတစ်ခု
ကမ္ဘာမြေရဲ့ ဆွဲအားကိုဆန့် ကျင်ပြီး မိုးပေါ်ကနေကျကာ မြေကြီးပေါ်သို့ ဆင်းသက်ရောက်ရှိခဲ့ တယ်ဆိုယင်
သင်ယုံနိုင်ပါ့ မလားမသိဘူး....
ယူအေအီး လို့ ခေါ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စုမှ နိုင်ငံသားတစ်ယောက်က ထိုသို့ ဖြစ်တောင့် 
ဖြစ်ခဲ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်ကို ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်လိုက်ခဲ့ နိုင်ပြီး ကံကောင်းသူ ထိုဓါတ်
ပုံဆရာက ထိုဖြစ်ရပ်ဟာ ကောင်းကင်က ဘုရားသခင်ဖန်ဆင်းတာမို့ အလွန်တွေ့ မြင်ရခဲတဲ့ ဖြစ်ရပ်တစ်ခု
အဖြစ်ယုံကြည်နေပါတယ်...
အဆိုပါ ဗီဒီယိုကလစ်တွင် အဖြူရောင်တိမ်တိုက်ငယ်တစ်ခုဟာ အောက်သို့ ထိုးစိုက်မကျလာခင် မြေပြင်
ပေါ်တွင် ကပ်ကာပျံဝဲနေခဲ့ ပြီး ယူအေအီးနိုင်ငံအရှေ့ ပိုင်း၊ အယ်လ်အိန်း ပြည်နယ်မှ မြေသြဇာကောင်းမွန်
ကာ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်သည့် ဘီဒါဖာရစ် ဒေသရှိ ခြံစည်းရိုးတစ်ခုတွင် ဆင်းသက်ရပ်နား
ခဲ့ တာကို တွေ့ မြင်ရမှာဖြစ်ပါတယ်...
အမည်မဖေါ်လိုသူ အမျိုးသားက ထိုသို့ ကြုံတောင့် ကြုံခဲဖြစ်ရပ်ကို ဗီဒီယိုကင်မရာဖြင့် စတင်ရိုက်ကူးခဲ့ ပြီး
၎င်းအနေဖြင့် ထိုတိမ်တိုက်အစုကို ကိုယ်တိုင်လက်ဖြင့် ထိတွေ့ ကိုင်တွယ်နိုင်ရန်သွားရောက်ခဲ့ စဉ် စိုက်ပျိုး
ရေးအလုပ်သမားတစ်ဦးအား ဗီဒီယိုကင်မရာအားပေးအပ်ကာ ဆက်လက်မှတ်တမ်းတင်ရိုက်ကူးစေခဲ့ ပါ
တယ်...
၇ိုက်ကူးထားတဲ့ ဗီဒီယိုအရ တိမ်တိုက်ငယ်ဟာ မြေကြီးပေါ်ကိုရောက်ရှိအပြီးမှာတော့ အစိတ်အပိုင်းများအ
ဖြစ်ကွဲထွက်သွားခဲ့ ပြီး အချို့ အစိတ်အပိုင်းများက လေနှင့် အတူမျောပါသွားသလို့ အဓိကအစိတ်အပိုင်းကြီး
ကတော့ ခြံစည်းရိုးမှ ဆက်လက်ကပ်ငြိနေခဲ့ တာကိုတွေ့ ရှိရပါတယ်...
" ဒီဖြစ်ရပ်ကို ကိုယ်တိုင်မြင်ပြီး မှတ်တမ်းမတင်နိုင်ခဲ့ ဘူးဆိုယင် ကျွန်တော့် ဖြင့် ယုံနိုင်မှာတောင်မဟုတ်ပါ
ဘူး...ဒါဟာ အလွန်မှထူးခြားဆန်းကြယ်ပြီး ထာဝရဘုရားသခင်ရဲ့ တန်ခိုးတော်ကို ညွှန်းဆိုတာပဲဖြစ်တယ်
လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်..." လို့ ထိုသူကဆိုခဲ့ ပါတယ်...
တိမ်စိုင်တိမ်ညွှန့် တွေကို လက်နေ့ ထိချင်ယင်တောင်ထိပ်ပေါ်တက်ပြီး စောင့် ဆိုင်းစရာမလိုတဲ့ တစ်ကယ့် 
ရှားပါးဖြစ်ရပ်ပါပဲ...

 ဒါကတော့ သူ့ရဲ့ Video Link လေးပါ  http://www.liveleak.com/view?i=0bb_1312569503

ကုလသမဂ အဆောက်အဦး ဗုံးခွဲမှု ဖြစ်ပွား


နိုင်ဂျီးရီးယား နိုင်ငံ မြို့တော် Abuja မြို့က ကုလသမဂ္ဂ ရုံးချုပ် အဆောက်အဦကို တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အပြစ် ကျူးလွန်သူတွေကို တရားဥပဒေ အတိုင်း အပြစ်ပေးဖို့ မြေလှန်ရှာမယ်လို့ နိုင်ဂျီးယား သမ္မတ Goodluck Jonathan က ပြောကြားလိုက်ပါတယ်။
အသေခံ ဗုံးခွဲသမား တယောက်က အဆောက်အဦ ထဲကို ကားနဲ့ အတင်းမောင်း ဝင်ရောက်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင်အနည်းဆုံး လူ ၁ဂ ယောက် သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စလာမ် ဝါဒီ အကြမ်းဖက် အဖွဲ့ Boko Haram က သူတို့ လက်ချက်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
ဒီဗုံးခွဲမှုဟာ အများပြည်သူတွေကို ကူညီဖို့ အသက်စွန်, တာဝန်ထမ်းဆောင်နေသူတွေကို တိုက်ခိုက်တာဘဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

က​​လေး​​ငယ်တစ်ဦးအရွယ်ရှိ ဖား​​ကြီး​​တစ်​​ကောင် နာဂရီ ဆမ်ဘီလန်တွင်​​တွေ့​​ရှိ

နာဂရီ ဆမ်ဘီလန်မှ အမျိုး​​သား​​ တစ်ဦး​​သည် က​​လေး​​ငယ် တစ်ဦး​​၏ အရွယ်အစား​​မျှရှိ​​သော ဖား​​ကြီး​​တစ်​​ကောင်ကို ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ သိရှိရသည်။
၂၀ ကီလိုဂရမ် အ​​လေး​​ချိန်ရှိပြီး​​ အသက် ၇ နှစ်၊​ ၈ နှစ်အရွယ် က​​လေး​​တစ်ဦး​​၏ အရွယ်အစား​​မျှရှိ​​သော အဆိုပါ ဖား​​ကြီး​​ကို လွန်ခဲ့​​​သော ၂ ပတ်ခန့်​​က မြစ်ကမ်း​​နံ​​ဘေး​​ ​​တောင်​​စောင်း​​တစ်ခုတွင် ဖမ်း​​ဆီး​​ရမိခဲ့​​ခြင်း​​ဟု သိရှိရသည်။
ဂန်မန်ချာ ​​ဒေသခံများ​​က ဖမ်း​​ဆီး​​ခဲ့​​​သော ဖား​​ကြီး​​ကို မိုဘိုင်း​​လ်ဖုန်း​​ ကင်မရာဖြင့်​​ မှတ်တမ်း​​တင် ဓာတ်ပုံရိုက်လာခဲ့​​သည်။ ယင်း​​ဖား​​ကြီး​​ကို အလိုရှိသည့်​​ လူမျိုး​​စု ​​ခေါင်း​​​ဆောင်တစ်ဦး​​က ဖမ်း​​ဆီး​​ထား​​သူများ​​ထံမှ ဝယ်ယူရန် ကမ်း​​လှမ်း​​ခဲ့​​ပြီး​​​နောက် ​​ငွေ​​ကြေး​​မလုံ​​လောက်သဖြင့်​​ အိမ်တွင်ပြန်ကာ အပို​​ငွေသား​​ ပြန်ယူခဲ့​​ရသည်။
သို့​​​သော်လည်း​​ ၎င်း​ပြန်​​ရောက်လာချိန်တွင် ဖား​​ကြီး​​မှာ အသတ်ခံရပြီး​​​နောက် ဟင်း​​လျာအဖြစ် ချက်ပြုတ်စား​​​သောက်ပြီး​​ ဖြစ်​​နေရာ ထိုတွား​​သွား​​သတ္တဝါကြီး​​နှင့်​​ ပတ်သက်ပြီး​​ မှတ်တမ်း​​ ဓာတ်ပုံတစ်ခုသာ ကျန်​​နေခဲ့​​သည်။ ထိုဖား​​ကြီး​​၏ ဓာတ်ပုံမှာမူ ရှင်း​​ရှင်း​​လင်း​​လင်း​​ မှတ်တမ်း​​တင်ထား​​ခြင်း​​ဖြစ်​​ကြောင်း​​လည်း​​ သိရှိရသည်။

ဖောက်ထွင်းသူတစ်ဦးအား​​ ဖမ်း​​ဆီး​​ရန်ပျက်ကွက်မှုဖြင့်​​ စ​​ကော့​​တလန်ရဲ​​မေ ​​ထောင်ချခံရ

စ​​ကော့​​တလန်မှ ရဲ​​မေတစ်ဦး​​သည် ​​ဖောက်ထွင်း​​သူဟု ယူဆရသူ တစ်ဦး​​အား​​ ဖမ်း​​ဆီး​​ရန် ပျက်ကွက်မှု​​ကြောင့်​​ ​​ထောင်ဒဏ် ၁ နှစ် ချမှတ်ခြင်း​​ ခံခဲ့​​ရ​​ကြောင်း​​ သိရသည်။
သူမသည် တရုတ် စား​​​သောက်ဆိုင် တစ်ခုသို့​​ ​​ဖောက်ထွင်း​​​နေသူ တစ်ဦး​​အား​​ ဖမ်း​​ဆီး​​ရမိခဲ့​​​သော်လည်း​​ ရဲဌာနတစ်ခုသို့​​ အ​​ရေး​​တကြီး​​ စာတစ်​​စောင် ပို့​​​ပေး​​ရန် ကိစ္စရှိသဖြင့်​​ ​​ဖောက်ထွင်း​​သူထံမှ ကိရိယာ တန်ဆာပလာများ​​ကို သိမ်း​​ယူကာ ၎င်း​အား​​ ပြန်လွှတ်​​ပေး​​လိုက်​​ကြောင်း​​ ဝန်ခံ ​​ပြောကြား​​ခဲ့​​သည်။
အသက် ၃၈ နှစ်ရှိ မစ်ချလီ ဆယ်လ်ဘီအ​​နေနှင့်​​ ဥပ​​ဒေ​​ရေး​​ရာ ဝန်ထမ်း​​တစ်ဦး​​ဖြစ်​​သော်လည်း​​ စည်း​​မျဉ်း​​များ​​ကို ​​ဖောက်ဖျက်ခဲ့​​သည့်​​အတွက် တရား​​ရုံး​​က ယခုလို စီရင်ချက် ချမှတ်ခဲ့​​ခြင်း​​ဖြစ်သည်။ ဆယ်လ်ဘီသည် ပြီး​​ခဲ့​​သည့်​​နှစ် ဇူလိုင်လက လုပ်​​ဖော်ကိုင်ဖက် ရဲဝန်ထမ်း​​ မစ်ချယ်လီ မာလီနှင့်​​အတူ တာဝန်ထမ်း​​​ဆောင်​​နေစဉ် ဂလက်စဂိုအနီး​​၊​ ကာကင်တီ​​လော့​​ခ်ျရှိ တရုတ်စား​​​သောက်ဆိုင်အနီး​​ မသင်္ကာဖွယ် ​​ဖောက်ထွင်း​​သူကို ​​တွေ့​​မြင်ခဲ့​​ခြင်း​​ဖြစ်သည်။
မာလီက ဆယ်လ်ဘီသည် သူခိုး​​အား​​ ပြန်လွှတ်​​ပေး​​ပြီး​​​နောက် မိမိတို့​​နှစ်ဦး​​ ရဲကား​​ဆီ ပြန်အလာတွင် ထိုကိစ္စ​​ကြောင့်​​ အလုပ်အတွက် အ​​နှောင့်​​အယှက် ဖြစ်နိုင်သည်ဟု မှတ်ချက်ပြု ​​ပြောဆိုခဲ့​​​ကြောင်း​​ တရား​​ရုံး​​တွင် ထွက်ဆိုခဲ့​​သည်။ ​​နောက်ပိုင်း​​တွင် ဆယ်လ်ဘီသည် သူမ၏ လုပ်ရပ်မှာ မှား​​ယွင်း​​ခဲ့​​သည်ဟု ပြန်လည် ဝန်ခံသွား​​​ကြောင်း​​ သိရှိရသည်။

Sunday 28 August 2011

မယ်ပြိုင်ပွဲဝင်မိလို့ ကျောက်တုံးဖြင့် ထုသတ်ခံရသည့် ယူကရိန်းနိုင်ငံသူ မွတ်ဆလင်မိန်းကလေး

ယူကရိန်းနိုင်ငံတွင် လှယဉ်ကျေးမယ်ပြိုင်ပွဲတွင်ပါဝင်ခဲ့ မိသည့် မွတ်ဆလင်မိန်းကလေးတစ်ဦးအား အစ္စလာမ်
ဘာသာရေးဥပဒေ ရှာရီးယား အရကျောက်တုံးဖြင့် ပစ်ပေါက်ကာ သတ်ဖြတ်ခဲ့ သည်ဟုဆိုပါတယ်...
အသက် ၁၉ နှစ်အရွယ်ရှိ ကက်တရာကိုရင် ရဲ့ ရုပ်အလောင်းကို ကရိုင်းမီးယားဒေသမှ ရွာကလေးတစ်ရွာရှိ
သူမနေထိုင်ရာအိမ်အနီးတွင်တွေ့ ရှိခဲ့ ကြရတာဖြစ်ပါတယ်...
သူမဟာ ခေတ်ဆန်သည့် ဆယ်ကျော်သက်အရွယ်ကြိုက်အ၀တ်အစားများကိုဝတ်ဆင်ရတာကိုနှစ်သက်ပါ
တယ်လို့ သူမရဲ့ သူငယ်ချင်းများကဆိုကြပြီး မွတ်ဆလင်လူငယ်သုံးဦးက သူမကိုသတ်ဖြတ်ခဲ့ တာဖြစ်ပြီး ၎င်း
တို့ ရဲ့ လုပ်ရပ်ဟာ အစ္စလာမ်ဘာသာထုံးစံအရ တရားမျှတမှုရှိတယ်လို့ ဆိုခဲ့ ကြသည့် အတွက် ရဲတပ်ဖွဲ့ က
ယခုအခါစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေခဲ့ ပါတယ်...
အဆိုပါလူငယ်သုံးဦးထဲမှ တစ်ဦးဖြစ်သည့် အသက် ၁၆ နှစ်အရွယ်ရှိ ဘီဟယ်လ်ဂါဇီယေ့ ဗ် ကိုတော့ ရဲတပ်
ဖွဲ့ ကယခုအခါဖမ်းဆီးထားခဲ့ြ့ပီဖြစ်ပြီး သူမဟာ ရှာရီးယား ဘာသာရေးဥပဒေကိုချိုးဖောက်ခဲ့ တာဖြစ်တယ်
လို့ ၎င်းက ရဲတပ်ဖွဲ့ ကိုပြောကြားခဲ့ ပါတယ်...
သူမဟာ ဒေသဆိုင်ရာမယ်ပြိုင်ပွဲမှာ သတ္တမနေရာရရှိခဲ့ ပါတယ်...
သူမဟာ အစ္စလာမ်ဥပဒေကိုချိုးဖောက်ခဲ့ တာမို့ ( သူမကိုသတ်ဖြတ်ခဲ့ မှုအပေါ် ) ၎င်းအနေနှင့်နောင်တမရ
ရှိကြောင်း ဂါဇီယေ့ ဗ် ကဆိုပါတယ်...
ရိုက်နှိက်ကန်ကျောက်၊ ထုနှက်ထားလို့ ဒါဏ်ရာများဖြင့် ပြည့် နေသည့် သူမရဲ့ ရုပ်အလောင်းကို တောအုပ်
တစ်ခုအတွင်းမြုပ်နှံထားခဲ့ သည်ကို သူမသေဆုံးပြီး ရက်သတ္တပါတ်တစ်ပါတ်အကြာမှာတွေ့ ရှိခဲ့ ကြရတာဖြစ်
ပါတယ်...
ရဲတပ်ဖွဲ့ ကတော့ လူသတ်မှုဖြင့်အမှုဖွင့် ဆိုစုံစမ်းစစ်ဆေးနေပါတယ်...
ကျောက်တုံးဖြင့် ပစ်ပေါက်ထုသတ်ကာအပြစ်ပေးခြင်းဟာ မွတ်ဆလင်ဘာသာဝင်များအတွင်း သဘောထား
ကွဲလွဲကြသည့်အကြောင်းအချက်တစ်ခုဖြစ်ပြီး တစ်ချို့ ကအစ္စလာမ်ဘာသာရေးဥပဒေအရ တရားမျှတမှုရှိ
တယ် ( ယခုလိုကျောက်တုံးဖြင့် ထုသတ်ရတာ ) လို့ ယူဆကြပြီး တစ်ချို့ ကတော့ ထိုယူဆချက်ကို သဘော
မတူကြပါဘူး....

မောင်မောင်ဇော်လတ် (ရပ်စောင့်)

ဟန်မူရာဘီ၏ ကိုဓ ဥပဒေလေလား

လက်ထပ်ဖို့ ငြင်းဆန်ခဲ့ တဲ့ မိန်းကလေးတစ်ယောက်ရဲ့ နားနှင့် နှာခေါင်းကို ဖြတ်ပစ်ခဲ့ တဲ့ ပါကစ္စ
တန်နိုင်ငံသား ညီအစ်ကိုနှစ်ယောက်ကို သူတို့ ရဲ့ နားနှင့် နှာခေါင်းများကို ဖြတ်ပစ်ပြီးအပြစ်ပေးဖို့ 
ပါကစ္စတန် နိုင်ငံရဲ့  တရားရုံးတစ်ခုက အမိန့် ချမှတ်ခဲ့ တယ်လို့ ဆိုပါတယ်...

ပြန်တော့ကွယ် (၀ိုင်းစုခိုင်သိန်း)

ကမ္ဘာ့အမြန်ဆုံး လူစီး လေယာဉ်

လူသားတို့သည် ကုန်းနေသတ္တဝါများသာ ဖြစ်ကြသော်လည်း ၎င်းတို့၏ တီထွင်ဉာဏ်၊ ကြိုးပမ်း အားထုတ်မှုတို့ကြောင့် ရေပြင် အဏ္ဏဝါကိုသာမက ဝေဟင်တိမ်လွှာကိုပါ အောင်နိုင်ခဲ့ပါပြီ။ ထို့အပြင် စိတ်ကြိုက် လှုပ်ရှားနိုင်သော အာကာယံထက်တွင် မြန်သည်ထက် မြန်မြန်သွားလာနိုင်အောင် ကြံဆောင်ခဲ့ရာမှ ကမ္ဘာ့အမြန်ဆုံး ဂုဏ်ဒြပ်ခံ လေယာဉ်ပျံများ ပေါ်ပေါက်လာခဲ့ရသည်။ လက်ရှိ ကမ္ဘာ့အမြန်ဆုံး လူစီးလေယာဉ်ပျံမှာ SR-71 Blackbird ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် Blackbird သည် လက်ရှိ ကမ္ဘာသုံး လေယာဉ်ဖျက် ဒုံးကျည်များ၏ ရန်မှ ရှောင်ကွင်းနိုင်သော အံ့ဖွယ် လေယာဉ်ပျံလည်း ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် သုံး​စွဲ​နိုင်ဖွယ်ရှိသည့်​ ​လေယာဉ်များ​​အား​ NASA မိတ်ဆက်​​ပြသ

အ​မေရိကန် အမျိုး​သား​ အာကာသ ​အေဂျင်စီ (NASA) က ၂၀၂၅ ခုနှစ်တွင် စတင်သုံး​စွဲနိုင်မည်ဟု ယုံကြည်ရ​သော စီး​ပွား​ရေး​ လုပ်ငန်း​သုံး​ ​လေယာဉ်​အမျိုး​အစား​ ၃ ခု၏ ဒီဇိုင်း​ပုံကို မိတ်ဆက်ပြသခဲ့​သည်။

ယင်း​လေယာဉ် ဒီဇိုင်း​များ​ကို နာမည်​ကျော် ​လေယာဉ်ထုတ်လုပ်​ရေး​ ကုမ္ပဏီကြီး​များ​ ဖြစ်ကြသည့်​ ​လော့​ဟိမာတင်၊​ ​နော်​သော့​ဂရမ်မန်နှင့်​ ဘိုး​အင်း​တို့​က ​ရေး​ဆွဲထား​ခြင်း​ဖြစ်သည်။ ဒီဇိုင်း​အား​လုံး​သည် ဆူညံမှု၊​ ဓာတ်​ငွေ့​အညစ်အ​ကြေး​ စွန့်​ထုတ်မှုနှင့်​ ​လောင်စာသုံး​စွဲမှု ​လျော့​နည်း​ရေး​တို့​ကို အ​ခြေခံ တီထွင်ထား​ခြင်း​ဖြစ်သည်။ ဘိုး​အင်း​၏ ဒီဇိုင်း​သည် အသံတိတ် ဗုံး​ကြဲ​လေယာဉ်ကြီး​ တစ်စင်း​ကို ကာတွန်း​ပုံမျိုး​ ​ရေး​ဆွဲထား​သည်နှင့်​ ဆင်တူသည်။ ယင်း​တွင် Hybrid နည်း​ပညာသုံး​ ​တောင်ပံနှင့်​ ကိုယ်ထည်တို့​ တပ်ဆင်ထား​မည်ဖြစ်သည်။ 

နော်​သော့​ဂရမ်မန်၏ ဒီဇိုင်း​မှာမူ ကိုယ်ထည်နှစ်ထပ် ပါဝင်ပြီး​ မကြာ​သေး​မီက မိတ်ဆက်ပြသခဲ့​သည့်​ Virgin၏ White Knight အာကာသ လွန်း​ပျံယာဉ်နှင့်​ ဆင်တူသည်။ ​လော့​ဟိမာတင်မှာမူ ဒီဇိုင်း​သုံး​ခုအနက် လက်ရှိသုံး​စွဲ​နေသည့်​ ခရီး​သည်တင် ​လေယာဉ်များ​နှင့်​ အနီး​စပ်ဆုံး​ တူညီသည်။ သို့​သော်လည်း​ အင်ဂျင်ကို ​တောင်ပံများ​တွင် မတပ်ဘဲ ​နောက်ဖက်အမြီး​ပိုင်း​တွင် တပ်ထား​သလို ​တောင်ပံများ​ကိုလည်း​ အတန်ငယ် ​ကော့​ထား​သည်။ ယင်း​လေယာဉ် ဒီဇိုင်း​သစ်များ​ကို ​ခေတ်မီ​လေ​ကြောင်း​ထိန်း​ချုပ်​ရေး​ စနစ်များ​နှင့်​ ကိုက်ညီ​အောင် တီထွင်ထား​ပြီး​ အသံ၏ မြန်နှုန်း​ ၈၅ ရာခိုင်နှုန်း​ထိ အရှိန်တင် ပျံသန်း​နိုင်ရန် ရည်ရွယ်ထား​သည်။

ထို့​အပြင် တစ်ဆက်တည်း​ မိုင် ၇၀၀၀ မျှခရီး​ပေါက်ပြီး​ သယ်​ဆောင်နိုင်​သော ဝန်ပမာဏကို ​ပေါင်ချိန် ငါး​သောင်း​မှ တစ်သိန်း​ထိ တိုး​မြှင့်​နိုင်ရန် ရည်ရွယ်ထား​ကြောင်း​ သိရှိရသည်။

ထိုင်းနိုင်ငံမှ ကမ္ဘာ့ အမွှေးအမျှင်အထူဆုံးမိန်းကလေး

သူမအားခေါ်ဆိုကြသည့် နာမည်ပြောင်များတွင် "၀ံပုလွေမလေး"နှင့် "မျောက်မျက်နှာ" တို့ ပါဝင်နိုင်ပါတယ်။သို့ သော် အသက် ၁၁ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသူလေး ဆူပထရာဆာဆူဖန် ကတော့  သူမကို ကမ္ဘာ့ အမွှေးအမျှင်အများဆုံးမိန်းကလေးအဖြစ်တရားဝင်အသိအမှတ်ပြုလိုက်ကြပြီဖြစ်ကြောင်း ယနေ့ အခိုင်အမာပြောကြားလိုက်ပါတယ်...ဘန်ကောက်မြို့ တော်မှ ကျောင်းသူလေးဟာ ကျောင်းနေဖက်သူငယ်ချင်းများရဲ့ အဆက်မပြတ်သနားညှာတာခြင်းကင်းစွာ အစအနောက်ခံနေခဲ့ ရပေမယ့် သူမအနေနှင့် ယခုကဲ့ သို့ ကမ္ဘာ့ ထူးဆန်းမှတ်တမ်း၊ ဂင်းနစ်အဖွဲ့ ကြီး၏ သူမ၏အမွှေးအမျှင်များအတွက်တရားဝင်အသိအမှတ်ပြုခံရမှုကြောင့် အထူးတစ်လည်လူသိထင်ရှားလာခဲ့ ရပါတယ်လို့ ပြောကြားခဲ့ ပါတယ်...

ကမ္ဘာ့ ဈေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးခွေး...

မေတ္တာတရားဆိုတာငွေနဲ့ ပေးဝယ်လို့ မရဘူးလို့ ဆိုကြပေမယ့် ပေါင်စတာလင်တစ်သန်း ( ဒေါ်လာ
၁.၅၄၈၅သန်း ) ကတော့ သင့် ကိုလူသားများအတွက် တန်ဖိုးအကြီးဆုံးမိတ်ဆွေဝယ်ပေးနိုင်ပါလိမ့် မယ်...
အနီရောင် တိဘက်ခွေးဘီလူးတစ်ကောင်ကတော့ တရုတ်နိုင်ငံသုံးယွမ်ငွေ ၁၀ သန်း (ဒေါ်လာ ၁.၅ သိန်း)
ဖြင့် ဝင်ယူခြင်းခံခဲ့ ရလို့ ကမ္ဘာ့ ဈေးအကြီးဆုံးခွေးဖြစ်သွားခဲ့ ရပါပြီ...
တရုတ်ဘာသာစကားဖြင့် ဟောင်တုံး လို့ ခေါ်ဆိုကြသည့် ပိုက်ဆံကြီး (ခွေးအမည် ) ၊ကိုတော့ တရုတ်နိုင်ငံ
မြောက်ပိုင်းမှ ကျောက်မီးသွေးတွင်းသူဌေးတစ်ဦးက ၀ယ်ယူသွားတာဖြစ်ပါတယ်...
အလေးချိန်ပေါင် ၁၈၀ ရှိကာ ကြက်သား၊ အမဲသားအပါအ၀င် တန်ဖိုးကြီးမားလူကြိုက်များသည့် တရုတ်ရိုး
ရာအစားအစာများဖြစ်သည့် ပင်လယ်ရေခူ၊ မုတ်ကောင်များကိုသာစားတတ်သည့် အဆိုပါခွေးအတွက်က
တော့ ယခုလို သန်းကြွယ်သူဌေးတစ်ဦးကသာပိုင်ရှင်ဖြစ်နေခြင်းကပိုလို့ ပင်ကံကောင်းထောက်မမှုတစ်ခု
ဖြစ်ပါတယ်...

ကြက်ဥ အတု ဆိုပါလား !

မလေးရှားနိုင်ငံဈေးဆိုင်များတွင်ကြက်ဥအတုများရောင်းချသည့် အထောက်အထားများမတွေ့ ရှိရသေးပါဟုမလေးရှားအစိုးရကအသေအချာငြင်းဆိုခဲ့ ပေမယ့် တရားဝင်သေချာသည့်အထောက်အထားရှိသည်အ
ထိစောင့် ကြည့် သွားမည်ဟုဆိုပါသည်...
ပြည်နယ်ကျန်းမာရေ၊ လူမှုဖူလုံရေး၊ လူမှုဝန်းကျင်ထိန်းစောင့်ရှောက်ရေးကော်မတီဥက္ကဌ ဖီးဘွန်ပိုး က ကြက်ဥအတုများအမှန်တကယ်ပေါ်ပေါက်ခဲ့သည်မှာမှန်သော်လည်း ဘူကစ်တန်ဂါရှိ ပြည်နယ်တိရိစ္ဆာန်ဆေး
ကုသမှုဌာန၊ ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခဲ့ သည့်ကြက်ဥများမှာ အစစ်များသာဖြစ်တယ်လို့ သိရှိရတယ်
လို့ ဆိုပါတယ်
 မကြာသေးခင်ကစီမံချက်အဖြစ် ပူလောတီကပ်စ် နှင့်  ဘာရမ်လီပါ့ စ် ဒေသများမှ နမူနာအဖြစ်ရရှိခဲ့ သည့် 
ကြက်ဥနမူနာ ၃၈၉ ခုကို စမ်းသပ်ခဲ့ သည့် အဆိုပါဓါတ်ခွဲခန်းစစ်ဆေးတွေ့ ရှိချက်များကိုလွန်ခဲ့ သည့် နေ့ က
ဌာနညွှန်ကြားရေးမှူးဒေါက်တာဝမ် မိုဟာမက်ကမေးလ်ဝမ်နစ် ကိုယ်တိုင် ၎င်းအား စာရိုက်ပြီးပေးပို့ ခဲ့ တာ
ဖြစ်ကြောင်း မစ္စတာဖီး ကဆိုပါတယ်...

ကမ္ဘာ့ ပထမဦးဆုံး 3D အချစ်အကြမ်းကား Avatar ကိုကျော်ဖြတ်ကာဝင်ငွေစံချိန်ချိုး

ကမ္ဘာ့ ပထမဦးဆုံ3းDအချစ်အကြမ်းဇတ်ကားဟာစတင်ရုံတင်သည့် နေ့ (ဖွင့် စနေ့ )မှာပင်Avatarဇာတ်ကားဝင်ငွေစံချိန်ထက်ပိုကာ ရောင်းရခဲ့ ပြီးအရောင်းစံချိန်တင်ခဲ့ ပါတယ်...
ရုပ်ရှင်ဝါသနာရှင်များဟာ ဟောင်ကောင်တစ်ဝှမ်းရုပ်ရှင်ရုံများတွင် စတင်ပြသခဲ့ သည့် အကြမ်းအရမ်းအချစ်
ဇတ်ကြမ်း ဇတ်ကားကို ပထမဦးဆုံးကြည့် ရှုနိုင်ကြဖို့ အတွက် အလုအယက်တိုးဝှေ့ ကြည့် ရှုခဲ့ ကြတယ်လို့ 
အင်္ဂလန်နိုင်ငံထုတ် သူရိယသတင်းစာကြီးကဖော်ပြခဲ့ ပါတယ်...

အဝတ်လဲခန်းထဲက လျှို့ဝှက် ကင်မရာ ရှာဖွေနည်း

အဝတ်လဲခန်းထဲမှာ လျှို့ဝှက်ကင်မရာတပ်ဆင်ထားမထား ဆိုတာသိနိုင်မယ့် အချက်တွေကို အမျိုးသမီးစာဖတ်ပရိတ်သတ်တွေ သိထားသင့်မယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။
လျှို့ဝှက်ကင်မရာတွေက သေးလွန်းတာကြောင့် ဘယ်နားမှာ တပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ဒီပြဿနာတွေကို ဖြေရှင်းဖို့ အလွယ်ကူဆုံးနည်းလမ်းက -

Saturday 27 August 2011

သစ်ပင်ပေါ်မှ စားသောက်ဆိုင်

ဒီစားသောက်ဆိုင်လေးဟာ ဂျပန်နိုင်ငံမှာတည်ရှိပါတယ် ။ ထူးဆန်းပြီး လှပတဲ့ စားသောက်ဆိုင်လေးအဖြစ် တစ်ကမ္ဘာ လုံးက အသိအမှတ်ပြုထားပါတယ် ။ သစ်ပင် အပေါ်မှာ တည်ဆောက်ထားတဲ့အတွက် စားသုံးသူ တွေကို တစ်မျိုး တစ်ဖုံ ဆွဲဆောင်နေပြန်ပါတယ် ။ ဒီစားသောက်ဆိုင်လေးဟာ ဟိုင်းဝေး ၅၈ Onoyama ပန်းခြံမှာ တည်ရှိပါတယ် ။ နာမည်ကတော့ Okinawa Tree-House Restaurant ပဲဖြစ်ပါတယ် ။

၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တက်တူးပွဲ

 ၂၀၁၁ ခုနှစ် ဧပရယ် ၁၆ ရက်နေ့ ။ လူနှစ်ဦးက Frankfurt မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တက်တူး ပွဲတော် မှာ သူတို့ရဲ့ ဦးခေါင်းတွေက တက်တူးအသစ်တွေကို ပြသနေပုံဖြစ်ပါတယ် ။ အပြည်ပြည်ဆိုင်ရာ တက်တူး ပွဲတော်ကို စနေနေ့ကကျင်းပခဲ့ပြီး ကမ္ဘာအရပ်ရပ်က စိတ်ဝင်စားသူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အပြိုင် ဆိုင် တက်တူးရုပ် အလှတွေ ပြသခဲ့ကြခြင်းပဲဖြစ်ပါတယ် ။

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား၂၀၁၁အတွက်ဂင်းနစ်မှတ်တမ်းဝင်ပြီ

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား တူရကီမှ Sultan Kosen ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာ Rio de Janeiro မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ် ။ Kosen ဟာ အရပ် ၂ မီတာ (၈ ပေ ၁ လက်မ) ရှည်ပြီး ကမ္ဘာ့အရှည်ဆုံးလက်နဲ့ ကမ္ဘာ့အရှည်ဆုံးခြေထောက် စံချိန်များတင် ထားသူ လည်း ဖြစ်ပါတယ် ။ သူဟာ ၂၀၁၁ ကမ္ဘာ့စံချိန်ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ပါဝင်ဖို့ အခမ်းအနားကို တက်ရောက် လာခြင်းပဲဖြစ်ပါတယ် ။

သားအိမ်နှစ်ခုနှင့် သားငယ်နှစ်ယောက်အားတစ်ပြိုင်နက်အောင်မြင်စွာမွေးဖွား

အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသရှိ ပတ္တနားမြို့ တွင် ခန္ဓာကိုယ်အတွင်းသားအိမ်နှစ်ခုရှိနေသည့် အမျိုးသမီး
တစ်ဦးသည် အဆိုပါသားအိမ်တစ်ခုစီမှ ကျန်းမာသန်စွမ်းသည့် 
ကလေးနှစ်ယောက်အား မွေးဖွားခဲ့ သည်ဟုဆိုပါတယ်...
ကလေးငယ်တစ်ဦးစီဟာ သားအိမ်တစ်ခုစီတွင် သန္ဓေတည်နေခဲ့ ပြီးမွေးဖွားခဲ့ တာမို့ ထိုကဲ့ သို့ အဖြစ်မျိုးအ
နေဖြင့် တစ်ကမ္ဘာလုံးတွင် တစ်နှစ်လျှင်တစ်ကြိမ်ခန့်လောက်သာ
ဖြစ်လေ့ ရှိတာမို့ ဆရားဝန်များအနေနှင့်ဤဖြစ်ရပ်မျိုးအားရှားရှားပါးပါး မြင်တွေ့ ခဲ့ ရသောကြောင့် 
အလွန်အံ့ အားသင့် ခဲ့ ကြရပါတယ်...

Friday 26 August 2011

သူယောင်မယ်သီး

ထိုင်းဘာသာစကားနဲ့ဆိုရင်တော့ ဒီအံ့သြဖွယ်ရာ အပင်ကို Nareepol လို့ခေါ်ပါတယ် ။ Naree ဆိုတာက မိန်းက လေးကိုရည်ညွှန်းပြီး pol ဆိုတာကတော့ သစ်ပင် ၊ အပင်တွေကိုရည်ညွှန်းပါတယ် ။  ။ ဒါဟာ ကမ္ဘာပေါ်မှာ ဘုရားသခင်ဖန်ဆင်းပေးခဲ့တဲ့အရာတွေအနက် မှာအထူးဆန်းဆုံး အရာတစ်ခုလည်းဖြစ်ပါတယ် ။ ဘန်ကောက်မှ ကီလိုမီတာ ၅၀၀ လောက် ကွာဝေးတဲ့ Petchaboon စီရင်စုမှာ တကယ့် သူယောင်မယ်သီးတွေသီးတဲ့ သစ်ပင်တွေကို သင်သွားရောက်လေ့လာနိုင်ပါတယ်။





ကိုယ်လုံးတီးဆို Free ပေးမယ်

 ၂၀၁၁ ရဲ့ Brand ဈေးကွက်ထဲကို ပထမဦးဆုံး
ဝင်လာတဲ့အထိမ်းအမှတ်အဖြစ် ပထမဆုံးလာရောက်တဲ့ ဈေးဝယ် သူအယောက် ၁၀၀ ကို အလကား Free of Charge
ပေးမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီအတိုင်းတော့မရဘူးနော် ။ လာတဲ့ ဈေးဝယ်သူတွေက Underwear မှလွဲ၍ ဘာအ၀တ်အစားမှ ၀တ်လာရမှာမဟုတ်ပါဘူး ။ ပုံထဲမှာတော့ အပေါက်ဝ ကျဉ်းလေးကို အလုအယက် အတွင်းခံလေးတွေနဲ့ စုပြုံတိုးနေကြတာမြင်ရမှာပါ ။







Qatar မှဈေးအကြီးဆုံးလက်ကိုင်အိတ်

စိန်စီသော လက်ကိုင်အိတ်လို့ပဲတင်စားရမလား ၂၀၁၁ ခုနှစ်ဖေဖော်ဝါ၇ီ ၂၀ ရက်နေ့မှာ Doha မှာပြုလုပ် ခဲ့တဲ့ ကျောက်မျက်ရတနာပြပွဲမှာ အမျိုးသားတစ်ဦးကဈေးအကြီးဆုံး စိန်စီလက်ကိုင် အိတ်ကိုပြသနေ ပုံဖြစ် ပါတယ် ။အဲဒီလက်ကိုင်အိတ်နာမည်က The Mouawad 1001 Nights Diamond Purse တဲ့ ..။ဈေး ကလည်းကြီး ကဗျာကလည်းဆန်လိုက်တာ။
                        တန်ဘိုးကတော့ ဒေါ်လာ ၃.၈ သန်း တဲ့နော် Video  ကြည့်ချင်တယ်ဆိုရင်တော့.....ဒီမှာကြည့်လိုက်ပေါ့ 


 

Ladyboys

၂၀၁၁ ခုနှစ် ဧပရယ် ၁၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Central World Shopping Mall မှာ Muiss Tiffany's Universe 2011 ရဲ့ ပထမအကြိမ်မြောက် မြင်ကွင်းမှာ လှပသော ladyboys များကိုအ ခုလို တွေ့ခဲ့ ရပါတယ် ။ ကဲ ကျားလား မလား သေးသေးလား ကြီးကြီးလား ကြိုက်ရာရွေးကြပေတော့ ။ ကံအကျိုးပေးနဲ့ရှေးဘ၀အတိတ်ရေစက်ကြောင့် Ladyboys တို့ တစ်ခေတ်ဆန်းသစ်ခဲ့ပြန်ပြီ။

ရေကို အလာ့ဂျစ်ဖြစ်တဲ့ မိန်းကလေး

                         
                           ရေကို အလာ့ဂျစ်ဖြစ်တဲ့ မိန်းကလေး
 ဒါဟာလည်း ထူးထူးဆန်းဆန်း ရောဂါ အခြေအနေတစ်မျိုးပဲဖြစ်ပါတယ် ။ ယုံကြည်နိုင်ဖွယ်ရာတောင်မရှိပါဘူး ။ သူမနာ မည်က Ashleigh Morris ဖြစ်ပြီး ရေကို အလာ့ဂျစ်ဖြစ်တဲ့ Aquagenic Urticaria ဆိုတဲ့ရော ဂါတစ် မျိုးကို ခံစားနေရရှာတယ် ။ ဒီရောဂါဟာ သူမကို ဘယ်လိုအကြောင်းနဲ့မှ ရေနဲ့ထိခွင့်မရအောင် တားဆီး ထား တယ် ။ ဥပမာ ရေချိုးခြင်း ရေကူးခြင်း စသဖြင့်ပေါ့ ။ သူမဟာ ဘယ်လောက်ထိ လဲဆိုရင်သူမ ကိုယ်က ထွက်တဲ့ချွေး နဲ့ ပြန်ပြီး အလာ့ဂျစ်ဖြစ်နေတဲ့အတွက် အချိန်တိုင်း အနီကွက်တွေပေါ်နေလေ့ရှိတယ် ။ လူတွေ ရဲ့ခန္ဓာ ကိုယ် ဟာ ရေ ၈၀% နဲ့လုပ်ထားတာမှန်ပေမယ့်လည်းဒီကောင်မလေးက ဘာကြောင့် အလာ့ ဂျစ်ဖြစ် ရ တယ်ဆို တာတော့မသိပါဘူး ။ သူမ ဘယ်လိုရေချိုးသလဲဆိုတာလည်းမသိရပါဘူး ။

Thursday 25 August 2011

သားအိမ်ဖြတ်ထုတ်ရသည့် အိန္ဒိယနိုင်ငံမှ အမျိုးသား

အိန္ဒိယနိုင်ငံမှ သားသမီးနှစ်ယောက်တို့ ၏ဖခင်ဖြစ်သူ လယ်သမားတစ်ဦးအား ၎င်း၏၀မ်းဗိုက်အတွင်းတွင်
အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းအပြည့် အစုံ ( သားအိမ်၊ သားအိမ်ပြွန် စသည်ဖြင့် ) တွေ့ ရှိခဲ့ ရသဖြင့် 
ဆရာဝန်များက အဆိုပါသားအိမ်၊ အင်္ဂါအစိတ်အပိုင်းများအား ခွဲစိတ်ဖယ်ရှားပေးခဲ့ ကြရပါတယ်...
ယာလူး ဟုအမည်ဖေါ်ပြထားသည့် အဆိုပါအမျိုးသားဟာ မခံမရပ်နိုင်အောင် ၀မ်းဗိုက်အောင့် ခဲ့ သဖြင့် 
အိန္ဒိယနိုင်ငံ၊ မတ္တရာပရာဒက်ရှ်ပြည်နယ်၊ ဘိုပါးလ်ဒေသ ရှိဆးရုံတစ်ခုသို့ ပို့ ဆောင်ပေးခဲ့ ကြရပါတယ်...
ဆရာဝန်များက သာမန်အူကျရောဂါဟုသာ သံသယရှိခဲ့ ပြီး ခွဲစိတ်မှုပြုလုပ်ခဲ့ ရာတွင် ၎င်း၏၀မ်းဗိုက်
အောက်ပိုင်းတွင် အမျိုးသမီးများတွင်သာရှိသည့်  သားအိမ်၊ သားမျိုးဥအိမ်၊ သားအိမ်ပြွန်၊ သားအိမ်ခေါင်း
နှင့် အပြည့် အစုံမဖွံ့ ဖြိုးသည့် အမျိုးသမီးအင်္ဂါစပ်အစိတ်အပိုင်း များတွေ့ ရှိခဲ့ ရလို့ အံ့ သြတုန်လှုပ်သွားခဲ့ 
ကြရပါတယ်...

funny sport

တော်တော်ဆိုးတဲ့ ကိုကို
ဒါကြီး ဘာကြီးလဲဟင်

ချောကလက်လေးတွေ တန်းစီ

ဂေါက်သီးမရိုက်နဲ့တော့ ကြေးစားသေနတ်သမားပဲလုပ်လိုက်ပါတော့စ်စ်စ်

လူတွေနဲ့ ဘောလုံးကစားရတာ ပျင်းလို့

အပြင်းပြေ Drum တီးရအောင်